*Unicode*
Don't love you~မင်းကိုမချစ်ဘူး
အစကတည်းကမင်းကိုမချစ်ခဲ့တာ....။
.... ❦ ....
YunLimနဲ့ပြောစရာရှိသည့်ကိစ္စများကို ပြောပြီးချိန် Jenoမီးဖိုခန်းဆီအမြန်ပြန်လာလိုက်သည်။
အရေးကြီးနေလို့သာJaeminကို ဘာမှမပြောဘဲထားခဲ့ခြင်း။
ဒီတိုင်းကြီးထွက်သွားလိုက်ရသည်ကြောင့် စိတ်ကမကောင်း။
Jaeminတစ်မျိုးထင်သွားမည်ကိုလည်း မလိုချင်ပါ။
"အခန်းထဲပြန်သွားပြီလားမသိပါဘူး"
ပါးစပ်ကရေရွတ်ရင်း မီးဖိုခန်းထဲခြေချလိုက်ချိန် စားပွဲပေါ်ခေါင်းမှောက်ကာ ငြိမ်နေသောJaeminကြောင့်စိတ်ပူသွားရသည်။
ဒီNa Jaeminကသူ့ကိုသူလည်း လုံးဝဂရုမစိုက်ပါလား။
ခုနကလည်းညသန်းခေါင်ကို ကော်ဖီသောက်ဖို့လုပ်နေလို့ ကျန်းမာရေးအတွက်စိတ်ပူတာကြောင့် Jenoမှာစိတ်တိုတိုနဲ့သွန်ပစ်ရသေးသည်။
အခုလည်းကြည့်...အခန်းထဲပြန်မသွားဘဲ ဒီမှာဘာလုပ်နေပြန်သည်လဲ။
ညဘက်လေတွေစိမ့်အေးနေတာကို ဝတ်ထားသည့်အင်္ကျီကလည်းHoodieအပါးလေးတစ်ထည်သာ။
သက်ပြင်းအသာချပြီး Jaeminနားလျှောက်သွားလိုက်သည်။
"Jaemin..."
Jenoခေါ်လိုက်ပေမယ့် Jaeminကလှုပ်မလာ။
အိပ်ပျော်နေသည်လားမသိ။
"Jaemin.."
ပခုံးကိုအသာလေးလှုပ်ကြည့်ချိန် စားပွဲပေါ်မျက်နှာအပ်ထားရာမှ Jenoဘက်ကိုမျက်နှာလှည့်လာသည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောမျက်နှာလေးက အပူအပင်မရှိသယောင်အေးချမ်းလွန်းသည်။
မှေးမှိတ်ထားသောမျက်ဝန်းတွေကြောင့် ရှည်လျားနေသောမျက်တောင်လေးတွေက ပါးပြင်ထက်ဖြာကျနေသည်က နူးနူးညံ့ညံ့လေး။
လုံးတက်နေသည့်ပါးမို့လေးက ထိကြည့်လိုက်ရင်အိစက်နေမည်လား။
အတွေးထက်လက်ကမြန်စွာ Jenoရဲ့လက်ညိုးသည် Jaeminပါးထက် ထိတွေ့ပြီးသွားပြီ။
YOU ARE READING
Light,Dark:Opposite || Completed
FanfictionUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》