*Unicode*
Choice~ရွေးချယ်မှု
ရှေ့ဆက်တိုးမရ ဆုတ်မရဖြစ်နေတဲ့အခြေအနေမှာ
ငါ့ရွေးချယ်မှုက ထပ်ပြီးမင်းမဟုတ်ပြန်ဘူးထင်ပါရဲ့။မင်းသိရင် ငါကဆိုးလိုက်တာလို့ ပြောလေမလား....။
.... ❦ ....
ဖြတ်ခနဲဝင်လာသောအသိစိတ်ကြောင့် မျက်လုံးဖွင့်ပြီး ငုတ်တုပ်ထထိုင်လိုက်သည်။
မူမမှန်မှုတစ်စုံတစ်ရာကြောင့် စိတ်ထဲမတင်မကျဖြစ်နေရပြီး လွှဲမှားနေသည်ကိုရှာဖွေလိုက်သည်။
မှိန်ဖျော့ဖျော့အခန်းလေးထဲ ပိတ်ထားသောပြတင်းပေါက်မှတစ်ဆင့် နေရောင်တို့ကတစ်စွန်းတစ်စဝင်ရောက်နေသည်။
နွေးနွေးလေးဖြစ်နေသောအခန်းအပူချိန်၊ နောက်ပြီးပိတ်ထားသောပြတင်းပေါက်။
မနေ့က သူပြတင်းပေါက်မပိတ်မိသလိုပါပဲ။
အခန်းထဲကိုလိုက်အကဲခတ်နေရင်းမှ လွှဲမှားနေသည်ကJaeminကိုယ်တိုင်ပင် ဖြစ်ကြောင်းသတိပြုမိလိုက်တော့သည်။
သူအခန်းထဲဘယ်လိုရောက်နေတာလဲ...။
သူ့အခန်းထဲကအိပ်ယာပေါ်မှာ ရောက်နေခြင်းကပင်လွှဲမှားနေခြင်းပင်။
မနေ့ညကLee Jenoနဲ့မီးဖိုခန်းမှာတွေ့ပြီး စားပွဲပေါ်မှာအိပ်ပျော်သွားသည်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။
အခန်းထဲJaeminလုံးဝပြန်မလာခဲ့မိပါ။
ဒါဆိုသူဒီအခန်းထဲကရောက်နေသည်က....
"Lee Jenoလား"
ထိုသို့ရေရွတ်မိပြန်တော့ နှလုံးသားတစ်စုံက ခုန်လှုပ်လာကာ နွေးထွေးသွားသလိုခံစားလိုက်ရသည်။
ဒါမယ့်သူ့ကိုလျစ်လျူရှုခဲ့သည့်Lee Jenoကလေ...
မဖြစ်နိုင်ကြောင်းတွေးမိပြန်တော့ နှလုံးသားကတဆစ်ဆစ်။
ခံရခက်နေသောနှလုံးသားခံစားချက်ကို ကျော်လွန်သွားသည်က မနေ့ညကသူတင်ထားခဲ့သောစားပွဲပေါ်မှာ မရှိတော့သည့်ကွန်ပျူတာကြောင့် လွှမ်းမိုးလာသောလန့်စိတ်ပင်။
YOU ARE READING
Light,Dark:Opposite || Completed
FanfictionUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》