*Unicode*
No Reason~အကြောင်းပြချက်မဲ့လျက်
နှလုံးသားကစေခိုင်းချက်အတိုင်း
မင်းကအကြောင်းပြချက်မဲ့လျက်လို့ဆိုတယ်။အကြောင်းပြချက်ရှိခြင်းမရှိခြင်းကအရေးမပါလှပေမယ့်
ကွဲကြေသွားရတာကနှလုံးသားတစ်စုံဖြစ်နေရင်တော့ခက်ရချည်ရဲ့....အင်း ငါ့နှလုံးသားကတော့အကြောင်းမဲ့လှုပ်ခတ်သွားခဲ့ရပြီလေ။
..... ❦ .....
"N2...Nကသေနတ်ပစ်ကွင်းကိုလာခဲ့ဖို့ခေါ်နေပါတယ်"
'N?သူကဘာလို့လဲ'
နားမှာတပ်ဆင်ထားသောSpeakerအသေးလေးမှ ထွက်ပေါ်လာသောအကြောင်းကြားချက်ကြောင့် ခပ်တိုးတိုးရေရွတ်လိုက်မိပြီး လက်ထဲကကော်ဖီကိုအပြီးမော့သောက်လိုက်သည်။
ကော်ဖီခွက်ကိုဆေးပြီးနေရာတကျပြန်ထားပြီးမှ အိမ်အပြင်ကိုထွက်ကာ အိမ်နောက်ဘက်ကသေနတ်ပစ်ကွင်းဆီဦးတည်သွားလိုက်သည်။
အကွာအဝေးကလမ်းလျှောက်သွားရင် 10မိနစ်လောက်အချိန်ပေးရမည်ဖြစ်တာကတစ်ကြောင်း၊ ခန္ဓာကိုယ်အတွက်ကောင်းစေရန်တစ်ကြောင်းပေါင်းပြီး ဖြေးဖြေးမှန်မှန်ပြေးသွားလိုက်သည်။
သူဒီကိုရောက်နေတဲ့အချိန်ကာလတစ်ခုအတွင်းမှာ ဒါကသူမနက်တိုင်းလုပ်လေ့ရှိသောအလေ့အထတစ်ခုပင်။
ပထမဆုံးအကြိမ်အိမ်အနောက်ကို ရောက်ချိန်ကသူအံ့ဩခဲ့ရသောအရာတွေက အခုချိန်မှာတော့သူအတွက်သာမန်အရာတွေပင်ဖြစ်နေခဲ့ပြီ။
Lee Jenoရဲ့အရှိန်အဝါကြီးပုံများ ခြံထဲမှာပင်ရဟတ်ယာဥ်ကွင်းကသက်သက်ရှိနေသေးတာ။
နောက်ပြီးသေနတ်ပစ်ကွင်းအပြင် အားကစားခန်းမပမာလေ့ကျင့်ရေးပစ္စည်းအစုံလည်းရှိသေးသည်။
သူ့ဘဝကလည်းSaထဲရောက်မှ အေးချမ်းနေတော့သည်။
ဒီရောက်နေတဲ့တစ်ပတ်ကျော်တဲ့ကာလအတွင်း သူ့မှာLee Jenoနောက်လည်းမလိုက်ရသေးသလို၊ ဘာအလုပ်မှလည်းမလုပ်ရသေး။
![](https://img.wattpad.com/cover/276435138-288-k780667.jpg)
YOU ARE READING
Light,Dark:Opposite || Completed
FanficUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》