*Unicode*
I Love Him
ကျွန်တော့်အချစ်ကသူ
ကျွန်တော့်နှလုံးသားကသူ
ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုကသူ
ကျွန်တော့်ရဲ့အရာအားလုံးကသူ။သူ...
သူဆိုတာက Lee Jeno
ကျွန်တော့်ရဲ့Lee Jeno....။..........❣
လူနေနည်းတဲ့မြို့ငယ်လေးအတွင်းမှာ အလှပဆုံးလို့ဆိုနိုင်တဲ့ နေရာလေးတွေရှိသည်။
လူသိနည်းတော့ အထိအခိုက်ကနည်းပြီး အလှပတရားတွေက တာရှည်နေတော့သည်။
ဘုရားကျောင်းအနောက်ဘက် တောအုပ်ငယ်လေးထဲက သဘာဝရေတံခွန်လေးက အလှတရားတွေစုံစည်းနေသောနေရာလေးပင်။
ကြည်လင်နေသောရေပြင်ထဲက ငါးတွေကူးခတ်နေပုံအပြင် အရောင်စုံကျောက်စရစ်ခဲလေးတွေကိုပါ မြင်နေရသည်။
တောအုပ်အတွင်းထဲမှာရှိနေခြင်းကြောင့် စိမ်းစိုနေသောအပင်ကြီးတွေနှင့် ပန်းတွေကလည်း ရေတံခွန်ကိုဝန်းရံထားလျက်ရှိသည်။
မြို့သားတွေရဲ့လမ်းပြမှုကြောင့် သူတို့လေးယောက်ဒီနေရာလေးကိုရောက်လာရပြီး သာယာလွန်းသောနေရာလေးကြောင့် မှင်တက်နေကြရသည်။
"လှလိုက်တာ!"
Hyuckရဲ့ရေရွတ်သံမှာ ရောယောင်ပြီးခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"Jeno..ငါတို့ကို ဓာတ်ပုံနည်းနည်းလောက်ရိုက်ပေး!Jaemin Lee Jenoကိုခဏငှားသွားမယ်နော်"
ဓာတ်ပုံရိုက်ဖို့စိတ်အားသန်နေသောHyuckသည် သူနဲ့Jenoရဲ့ပြန်ဖြေသံကိုပင်မစောင့် Jenoကိုအတင်းဆွဲခေါ်သွားတော့သည်။
ရေတံခွန်ကိုနောက်ခံထား၍တစ်မျိုး ရေထဲဆင်း၍တစ်ဖုံ ပို့စ်အမျိုးမျိုးပေးနေသောHyuckတို့ကို လိုက်ရိုက်ပေးနေသည့်Jenoကို တစ်ချက်ကြည့်ကာ ဖိနပ်ချွတ်ပြီး ရေစပ်လေးနားက ကျောက်တုံးပေါ်ထိုင်ချလိုက်သည်။
ရေပြင်နဲ့ထိတွေ့နေသော ခြေဖဝါးကအေးမြခြင်းကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးလန်းဆန်းသွားသယောင်။
လေအေးတွေကခန္ဓာကိုယ်ကို တိုးဝှေ့သွားတိုင်း သဘောတကျပြုံးမိသည်။
YOU ARE READING
Light,Dark:Opposite || Completed
FanfictionUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》