Walls

672 70 5
                                    

*Unicode*

Walls

ခြားထားခဲ့သောနံရံအထပ်ထပ်ကို
ဖြိုဖျက်ပစ်ဖို့
သတ္တိနဲ့အင်အားက ဘယ်မှာလဲ....။

.... ❦ ....

"တစ်ခါတလေငါတို့ဆီ ရောက်ရောက်လာတတ်တဲ့သူကမင်းမလား"

"အင်း..."

အဆောက်အဦးရဲ့နံရံကို မှီရပ်ရင်း ပြာလွင်နေသောကောင်းကင်ကြီးကို ငေးမောကြည့်ကာ စကားပြောနေတဲ့သူတို့နှစ်ယောက်က စိမ်းသက်စွာပင်။

"ဘယ်သူမှန်းသေချာမသိရဘဲ ရောက်ရောက်လာတတ်ပြီး ပျောက်ပျောက်သွားတတ်တဲ့သူက မင်းဆိုတာဒီမှာတွေ့လိုက်ရမှ သေချာသွားတော့တယ် Seon မင်းကိုမမှတ်မိတာ ငါ့အမှားတော့မဟုတ်ဘူးထင်တယ်"

"ဖြစ်သင့်ပါတယ် ငါကဘယ်တုန်းကများ မင်းတို့နဲ့နက်နက်နဲနဲပတ်သတ်ခဲ့ဖူးလို့လဲ လမ်းကြုံလို့ဝင်ကစားမိတဲ့ ခဏတာဆော့ကစားဖော်သာသာပဲကို"

"ငါတို့အဲ့လိုမတွေးခဲ့တာမင်းသိမှာပါSeon အဲ့အချိန်တွေတုန်းက ငါတို့နဲ့နီးတဲ့ပန်းခြံမှာမဆော့ဘဲ မင်းလာတတ်တဲ့အဲ့ပန်းခြံကိုပဲ ငါတို့လာဆော့တတ်တာ မင်းသိရဲ့သားနဲ့ မင်းသာငါတို့နားရောက်လာလိုက် ပျောက်သွားလိုက်ဖြစ်နေခဲ့တာလေ"

"ငါ့အမှားပဲလားJeno မင်းကတော့တကယ်ပဲ"

Jin BoSeonရဲ့ရွတ်နောက်နောက်အပြောကြောင့် သူသက်ပြင်းချမိသည်။

လူတွေအတွက်သူက မှန်းဆရခက်တဲ့သူဆိုရင် Seonကသူတို့ဘယ်တော့မှ လက်လှမ်းမှီကာသေချာသိနားလည်နိုင်မဲ့နေရာမှာ ရပ်နေတဲ့သူမဟုတ်ပေ။

ငယ်စဥ်တုန်းက သူနဲ့Naရဲ့အနားကို ရောက်လာတတ်ပြီး ခဏခဏပြန်ပျောက်သွားတတ်တဲ့Seonက အမြဲတမ်းသူတို့အတွက်ပဟေဠိဆန်နေခဲ့တာဖြစ်သည်။

Naရဲ့မိဘတွေအသတ်မခံရသေးခင်အချိန်မှာ သူတို့ဆီလုံးဝပြန်မရောက်လာတော့တဲ့Seonက သူတို့ဘယ်လောက်ပဲစောင့်နေပါစေ သူတို့ဆီကလုံးဝပျောက်ကွယ်သွားခဲ့တာဖြစ်သည်။

အရင်လည်းပျောက်နေကျဖြစ်လို့ ပြန်လာမယ်ထင်ပြီး အချိန်အတော်ကြာသည်အထိ နေ့တိုင်းသူနဲ့Naက Seonလာတတ်တဲ့ပန်းခြံမှာ သွားစောင့်နေခဲ့ဖူးပါသည်။

Light,Dark:Opposite || CompletedWhere stories live. Discover now