Light,Dark;Opposite

1K 79 19
                                    

*Unicode*

Light,Dark;Opposite~အလင်း,အမှောင်;ဆန့်ကျင်ဘက်

အမှောင်ကို ထွန်းဖောက်လာတာက အလင်း..
အဖြူပေါ်စွန်းထင်းခြယ်လှယ်တာက အနက်..
Opposite ဆိုတဲ့စကားလုံးက သူတို့ရဲ့ပေါင်းစပ်မှုကြား အကျုံးဝင်ပါရဲ့လား....။

.... ❦ ....

"ဂိုဒေါင်တစ်ခုပေါက်ကွဲမှုဖြစ်စဥ်မှာ တာဝန်ရှိသူတွေရဲ့ဖြေကြားချက်အရ သေဆုံးသူသုံးဦးရှိခဲ့ပြီး တစ်ဦးမှာနိုင်ငံတော်ရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ Secret Agent Na Jaeminဖြစ်ပြီး ကျန်နှစ်ဦးမှာ နိုင်ငံတော်ကအလိုရှိနေသော မှောင်ခိုလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ဒုစရိုက်လောကရဲ့ဂိုဏ်းကြီးနှစ်ခု Fireကိုဦးဆောင်သူSivanနှင့် Saကိုဦးဆောင်သူLee Jeno/Nဖြစ်ကြောင်းသိရပါတယ်..."

"သက်သေတွေအရSivanကိုဖမ်းဆီးဖို့ ကြိုးစားချိန် စက်ရုံအတွင်းအကြောင်းတစ်ချို့ကြောင့် သုံးယောက်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ထိုအချိန်အတွင်း ပေါက်ကွဲအားပြင်းသည့်ဗုံးတစ်လုံးက ဂိုဒေါင်အတွင်းပေါက်ကွဲခဲ့ကြောင်း ထိုဖြစ်စဥ်ဖြစ်ချိန် အနီးမှာရှိနေခဲ့သော စုံစမ်းထောက်လှမ်းရေးကAgent Jin BoSeonကဖြေကြားခဲ့ပါတယ်.."

ပေါက်ကွဲမှုဖြစ်စဥ်ပြီးနောက်မှာတော့ ထိုသတင်းကလူတွေကြား အတော့်ကိုပျံ့နှံ့သွားခဲ့သည်။

သေဆုံးသွားသောAgentအစား ဝမ်းနည်းကြသူတွေ၊ အသက်ကိုမမှုဘဲ အချိန်အတော်ကြာတရားမစီရင်နိုင်ခဲ့သောဒုစရိုက်သမားကို ဖမ်းဖို့ကြိုးစားခဲ့ခြင်းကြောင့် Agent Na Jaeminကို ဂုဏ်ပြု‌လေးစားကြသူတွေလည်း အများအပြားရှိလာကြသည်။

ခေါင်းဆောင်တွေရဲ့သေဆုံးသွားမှုဟာ လက်အောက်ငယ်သားတွေကို အတော်ခက်ခဲသွားစေပြီး Fireရဲ့လုပ်ငန်းတွေနဲ့ဂိုဏ်းသားတွေကိုဖမ်းဆီးနိုင်ခဲ့သည်။

Saနဲ့ပတ်သတ်သမျှကတော့ ထိုနေ့ကတည်းက အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့သည်။

ကြိုတင်စီစဥ်ထားခဲ့သလို Saနဲ့ပတ်သတ်သမျှလူတွေ၊ ပစ္စည်းတွေအားလုံးဟာ လုံးဝမတည်ရှိခဲ့သလို တိတ်တဆိတ်ပျောက်ကွယ်သွားတော့သည်။

Light,Dark:Opposite || CompletedWhere stories live. Discover now