Bond

632 82 4
                                    

*Unicode*

Bond~နှောင်ကြိုး

ငါ့ကိုငါရှာမတွေ့တော့ဘူး ချည်နှောင်လိုက်မိတဲ့ မင်းနဲ့ငါ့ရဲ့နှောင်ကြိုးတို့ကြား....။

.... ❦ ....

"Hyuck"

"အင်း..."

ဖုန်းတစ်လုံးနဲ့စာတတောက်တောက်ရိုက်နေသော Hyuckကသူ့ကိုတစ်ချက်ပင်မော့မကြည့်ပါ။

အနားရထားသဖြင့် အားယားနေပုံရကာ ကုတင်ပေါ်မုန့်အစုံကိုချပြီး မုန့်တွေကြားထိုင်နေသည့်Donghyuckသည် ဒုစရိုက်လောကထဲမှာနာမည်ကြီးသည့်Nရဲ့ လူယုံတော်Sunဆိုတာ ယုံဖွယ်ရာပင်မရှိပါ။

သူဆိုရင်လည်းယုံမိလိမ့်မည်မဟုတ်။

အရင်ကသူ့ကိုဆိုသံသယတွေနဲ့ကြည့်တဲ့Donghyuckနဲ့ အခုDonghyuckကလူလဲထားသလားလို့ပင်တွေးမိသည်။

"Jenoရော ငါရှာနေတာမတွေ့လို့ သူ့အခန်းထဲမှာလား သူ့အခန်းထဲမှာဆို ငါ့ကိုခေါ်ပေးပါဦး သူ့အခန်းထဲကျငါမသွားရဲလို့"

"သူ့အခန်းထဲမှာမဟုတ်ဘူး"

"ဒါဆိုဘယ်မှာလဲ အပြင်သွားတာလား ပြောတော့ဒီနေ့ဘာမှလုပ်စရာမရှိဘူးဆို ပြီးတော့ညနေစောင်းနေပြီကို"

"အင်း"

သူမေးသမျှကိုဖြေသာဖြေနေတာ သူ့ဆီအာရုံလာပုံမရသောHyuckကို သူကစိတ်ဆိုးချင်လာသည်။

စိတ်ပေါက်ပေါက်နှင့်ကုတင်ပေါ် ခုန်တက်ကာဖုန်းကိုဆွဲလုပြီး တင်ပါးအောက်ခုထိုင်ပလိုက်သည်။

"ဟာ..ဟေ့ကောင်!ပြန်ပေးစမ်း ငါ့ဖုန်းကို မင်းဖင်အောက်ထည့်စရာလား!"

"မပေးဘူး! ငါ့မေးတာကိုသေချာဖြေပေးမှ ပေးမှာ"

သူ့တင်ပါးအောက်ရောက်နေသောဖုန်းကို ယူရမလိုမယူရမလိုနှင့် တဝဲလည်လည်ဖြစ်နေသော Hyuckရဲ့လက်တွေကို သူ့ကိုယ်နားကရိုက်ထုတ်လိုက်သည်။

ထိုအခါအံ့ကြိတ်ရင်းဖြင့် သူ့ကိုကြည့်လာသည့်Hyuckအကြည့်တွေက မင်းကိုသတ်ပစ်မယ်ဆိုတဲ့ အကြည့်မျိုးပင်။

ထိုအကြည့်တွေကို စိတ်ကူးထဲတောင်မထည့်ဘူးဆိုတဲ့အထာနှင့် လက်ပိုက်ကာလျှာထုတ်ပြလိုက်သည်။

Light,Dark:Opposite || CompletedWhere stories live. Discover now