*Unicode*
Gift from Rose
ဆူးအပြည့်နဲ့နှင်းဆီလိုပေါ့....
လှပလို့ဆုပ်ကိုင်လိုက်မိရင်
နာကျင်မှုတို့သိပ်သည်းနေသော
သွေးစွန်းသည့်လက်တစ်စုံက
သူပြန်ပေးတဲ့လက်ဆောင်ဖြစ်လိမ့်မယ်....။.... ❦ ....
"ဒိုင်း...ဒိုင်း"
"Na!"
ကျယ်လောင်စွာထွက်ပေါ်လာသော သေနတ်သံနှစ်ချက်ကြားကနေ သူ့နာမည်အားခေါ်လိုက်သံသဲ့သဲ့ကိုကြားလိုက်ရသည်။
သေနတ်သံနဲ့အတူ ခေါ်သံက သူ့နောက်ဘက်ကနေ တစ်ပြိုင်နက်ထွက်လာခြင်းဖြစ်တာကြောင့် မျက်လုံးကိုပြန်ဖွင့်လိုက်သည်။
သူ့မျက်စိရှေ့တည့်တည့်မှာရှိနေခဲ့သော သေနတ်ကအောက်ကိုပြုတ်ကျနေပြီး Sivanကသွေးထွက်နေသောလက်မောင်းကို ဆုပ်ကိုင်ထားလျက်သား။
ဟိုလူကတော့ပေါင်တစ်ဖက်ကို ဆုပ်ကိုင်ရင်းက ငုတ်တုပ်ထိုင်နေသည်။
အနောက်ဘက်ကကြားနေရသော ခြေသံပြင်းပြင်းကြောင့် လှည့်ကြည့်ဖို့ပြင်လိုက်ချိန်မှာပဲ သူ့လက်ဖျားတွေကိုဆုပ်ကိုင်လိုက်သော အထိအတွေ့ကိုခံစားလိုက်ရသည်။
"Lee Jeno..."
"သွားမယ်Na..."
တုန့်ပြန်ချိန်မရလိုက်အောင် Jenoဆွဲခေါ်သည့်နောက်ကို အပြေးတစ်ပိုင်းပါသွားရသည်။
Sivanတို့ဘက်ကို လက်နောက်ပြန်ဖြင့် သေနတ်ပြန်ပစ်နေရင်းက သူ့လက်ကိုလည်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
သူ့ရှေ့ကကျောပြင်ကျယ်ကိုကြည့်ရင်း အန္တရာယ်များနေသောအခိုက်အတန့်မှာတောင် ကြည်နူးစွာပြုံးလိုက်မိသည်။
ဒီအချိန်မှာ သူ့ရဲ့ဖြစ်တည်မှုအမှန်ကို သိနေလောက်ပြီဖြစ်သော်လည်း Lee Jenoကကိုယ့်အသက်အန္တရာယ်ဖြစ်မှာကိုတောင် မမှုဘဲ သူ့ကိုလာကယ်လိမ့်မည်လို့ သူလုံးဝမျှော်လင့်ထားခဲ့။
Jenoကသူ့ကိုမုန်းနေလောက်ပြီဟုသာ ထင်ထားခဲ့ခြင်း။
Jaeminတမ်းတနေတဲ့အချိန်မှာမှ ရောက်လာပေးခဲ့သောLee Jeno....
သေလုဆဲဆဲအခြေအနေကနေ Jaeminကိုကယ်ထုတ်ပေးခဲ့တဲ့Lee Jeno....
Jaeminအတွက်Lee Jenoက နတ်ဘုရားဆန်သော ဖြစ်တည်မှုလေးနဲ့တူသည်။
![](https://img.wattpad.com/cover/276435138-288-k780667.jpg)
YOU ARE READING
Light,Dark:Opposite || Completed
FanfictionUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》