*Unicode*
De luxe pieces~ခမ်းနားသောအပိုင်းအစများ
"မင်းသိနေခဲ့တာလားJeno"
သူအလုပ်တစ်ခုပေးကာ မနေ့ကတည်းက ပထုတ်ထားခဲ့သောDonghyuckက ဒီနေ့ပြန်ရောက်လာပြီးမကြာ ဖြစ်ပျက်ခဲ့တာတွေကိုသိသွားပြီး သူ့ဆီရောက်လာသည်။
ရောက်ရောက်ချင်းမေးလာသော Donghyuckရဲ့အမေးကို သူပြန်မဖြေဖြစ်ခဲ့။
ဘာမှပြန်မပြောခြင်းက ဝန်ခံခြင်းလို့သက်ရောက်တယ်မလား။
"မင်းကတကယ်ရူးနေပြီပဲJeno! ငါ့ရဲ့စကားတွေ၊ ငါ့အဖေရဲ့ပေးဆပ်မှုတွေ နောက်ပြီးငါတို့ပင်ပင်ပန်းပန်း အသက်နဲ့တည်ဆောက်ခဲ့ရတဲ့ရည်ရွယ်ချက်တွေ ဒါတွေကိုမေ့ပစ်တဲ့အထိ မင်းကရူးနေခဲ့ပြီ! မင်းကိုမင်းကောသိရဲ့လား!"
"တောင်းပန်ပါတယ်"
"တောင်းပန်တယ်! ဘာကိုတောင်းပန်တာလဲ"
"သူ့အစားငါတောင်းပန်တာ"
မျက်နှာပေါ်ကျရောက်လာသောထိုးချက်ကို သူဒီတိုင်းခံယူလိုက်သည်။
ဒီအချိန်မှာDonghyuck ဘယ်လောက်တောင်ဒေါသထွက်နေမလဲဆိုတာ သူခန့်မှန်းမိသည်။
သစ္စာဖောက်ခံရတာအပြင် လိမ်ညာခံလိုက်ရခြင်းတွေကို သိလိုက်ရတဲ့Donghyuckက ခံစားချက်တွေပြင်းထန်နေလိမ့်မည်။
အရေးကြီးတဲ့အချက်ကိုမှ သူကဖုံးကွယ်ထားမိတာကြောင့်လည်း Donghyuckကစိတ်ဆိုးနေလိမ့်မည်။
Donghyuckကိုသူနားလည်နေတာမလို့ လုပ်သမျှကိုငြိမ်ခံနေဖို့သာ သူ့မှာအတွေးရှိသည်။
"ငါကခွင့်လွှတ်နိုင်လိမ့်မယ်ထင်လားJeno ဟိုးအစကတည်းက ငါပြောခဲ့ပြီးတဲ့စကားတွေက အလကားမဟုတ်ဘူး မင်းကိုလည်းငါစိတ်ပျက်မိတယ် မင်းဦးဆောင်မှုနောက်ကို ဆက်လိုက်ဖို့က ငါပြန်စဥ်းစားသင့်နေပြီထင်တယ်"
အခန်းထဲကထွက်သွားသောDonghyuckက သူ့ကိုအတော်စိတ်ဆိုးသွားပုံပင်။
တုံ့ပြန်ချက်က သူထင်ထားတာထက်ပင် ပြင်းထန်နေခဲ့သည်။
သို့သော်သူဗွေမယူပါ မှားတာကသူဖြစ်နေသလို Saနဲ့ပတ်သတ်ရင်ပြင်းထန်တတ်တဲ့ Donghyuckရဲ့ခံစားချက်တွေကို နားလည်နေတာကြောင့်။

YOU ARE READING
Light,Dark:Opposite || Completed
FanfictionUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》