*Unicode*
Because Of You~မင်းကြောင့်နဲ့
မင်းကြောင့်နဲ့ငါတကယ်ကို....
.... ❦ ....
"မင်းဘာလို့ငါ့ကိုတွေ့ချင်တာလဲJaemin ပြီးတော့ဒီနေရာမှာမှ..."
"မင်းရောက်ပြီပဲ ကြာလိုက်တာ...အပြင်ထွက်ရတာငါ့အတွက် လွယ်တယ်များထင်နေလားJin BoSeon"
"တောင်းပန်ပါတယ်ကွာ အိမ်ကထွက်လာတာနည်းနည်းနောက်ကျသွားလို့ပါ ၁၀မိနစ်ပဲနောက်ကျတာကို"
"၁၀မိနစ်ဆိုတာလည်းအရေးကြီးတယ်"
"ကျွန်တော်တောင်းပန်ပါတယ် အချိန်ကိုအရမ်းလေးစားတဲ့Na Jaemin shi..အခုဘာကြောင့်တွေ့ချင်တာလဲ ပြောလို့ရပြီလား"
ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ပြီး သူ့နောက်လိုက်ခဲ့ရန်အချက်ပြကာ မှောင်ရိပ်ကျ၊လူရှင်းသော ဝိုင်းတစ်ဝိုင်းဆီဦးတည်လျှောက်သွားလိုက်သည်။
သူနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လာသော Jin BoSeonကသူတွေ့ချင်ရသည့်အကြောင်းကို အတော်စိတ်ဝင်စားနေပုံရသည်။
နေရာမှာထိုင်ပြီးတာနဲ့ နောက်တစ်ကြိမ်ထပ်မေးလာသည်။
"ပြောလို့ရပြီလား"
"ဒီclubကဘယ်သူ့ပိုင်နက်လည်းမင်းသိတယ်မလား"
"အင်းSivanရဲ့Clubမလား"
"ဟုတ်တယ် ဟိုတစ်ခါငါ့ဆရာဆီသတင်းပို့ခဲ့တာကို မင်းမှတ်မိသေးလား Fireရဲ့စခန်းအသေးတစ်ခုထဲ ဝင်မယ်ဆိုတဲ့အကြောင်းလေ"
"အင်းမှတ်မိတယ်"
"အဲ့တုန်းကငါသိခဲ့ရတာတစ်ခုရှိတယ် Sivanတို့ကလူကုန်ကူးဖို့အတွက် အဓိကကုန်ကြမ်းကို ဒီclubကယူတယ်တဲ့ ပြီးတော့မရောင်းရသေးတဲ့ကုန်ကြမ်းတွေကိုလည်း ဒီနေရာမှာပဲသိမ်းထားတယ်"
ပတ်ဝန်းကျင်ကိုအရိပ်အကဲကြည့်ကာ ပြောလိုက်တဲ့သူ့စကားအဆုံး Jin BoSeonကတအံ့တဩဖြင့် သူ့ကိုကြည့်လာသည်။
"မင်းဒီအကြောင်းတစ်ခါမှလည်း သတင်းမပေးပါလား ဒီလောက်အရေးကြီးတဲ့သတင်းကို"
"အင်း...ငါဒီအကြောင်းကိုမပြောတာက အကြောင်းပြချက်ရှိတယ် အဲ့တာကိုမပြောခင် ငါမင်းကိုတစ်ခုမေးမယ်"
YOU ARE READING
Light,Dark:Opposite || Completed
FanficUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》