*Unicode*
First Day~ပထမဆုံးသောရက်
ဒါကတော့မင်းပါဝင်ခြင်းမရှိတော့တဲ့ ပထမဆုံးသောရက်။
အရင်ကလဲမင်းမပါတဲ့ရက်တွေကို ကျော်ဖြတ်လာခဲ့တာပေမဲ့
အခုမှငါ့ဘဝက ကမောက်ကမနဲ့ အဆင်မပြေတော့ဘူး....။.... ❦ ....
"မင်းဒီမှာပဲhyungနဲ့အတူနေရမယ်Jaemin...."
မထင်မှတ်ထားသောစကားကြောင့် အစ်ကိုMinhyungကို သူနားမလည်စွာကြည့်မိသည်။
ယောင်တိယောင်ချာနှင့်ခေါ်သည့်သူနောက် ပါလာခဲ့ပြီးမှ လမ်းမှာဆက်စပ်ပြီးပြောမိသောစကားတွေကြောင့် အစ်ကိုMinhyungကသူ့ထက် တစ်နှစ်ကြီးမှန်းသိခဲ့ရသည်။
စကားတော်တော်များများပြောခဲ့ပြီးလို့ နည်းနည်းတော့ရင်းနှီးနေပြီဆိုပေမဲ့ အတူနေဖို့လောက်ထိတော့ မဟုတ်ဘူးလို့သူထင်တာပဲ။
"ငါ့ကိုအဲ့လိုမကြည့်နဲ့Jaemin အချိန်တစ်ခုထိတော့ မင်းငါနဲ့အတူနေတာပိုကောင်းလိမ့်မယ် ဘာကြောင့်ဆိုတာငါမပြောနိုင်ပေမဲ့ မင်းနေကိုနေရလိမ့်မယ်....ငါနဲ့အတူတူနေလို့လဲ မင်းမှာပြဿနာပိုလာတာမျိုးတော့ မရှိနိုင်ပါဘူး ဟုတ်တယ်မလား"
ဟုတ်တော့လည်းဟုတ်သည်။
ဟိုကိစ္စဖြစ်ပျက်ပြီး နှစ်နှစ်အကြာကတည်းက တရုတ်မှာသွားနေခဲ့တာကြောင့် ဒီမှာသူ့အတွက်အိမ်ဆိုတာမရှိပေ။
တာဝန်အတွက်ပြန်လာချိန်မှာတောင် တိုက်ခန်းဌားနေခဲ့တာဖြစ်သည်။
ဆရာကလာနေဖို့ခေါ်နေပေမဲ့ ဆရာတို့ကိုဒုက္ခမပေးချင်တာကြောင့်၊ သူကိုယ်တိုင်လည်းမလွတ်လပ်တာကြောင့် သက်သက်တိုက်ခန်းဌားနေခဲ့ခြင်းပင်။
အစ်ကိုMinhyungနဲ့အတူတွဲနေရင် တစ်ယောက်တည်းမဖြစ်တော့တာ တစ်ခုကလွဲရင် မကောင်းတာမရှိပေ။
ဒါမဲ့ဘာကြောင့်အတူနေရမှာလဲဆိုတဲ့ အကြောင်းပြချက်ကို သူလိုချင်သေးသည်။
ထိုသို့တွေးကာမှ သူ့ကိုဆိပ်ကမ်းကနေ လာခေါ်ထုတ်ရတဲ့အချက်ကိုလည်း သူသေချာနားမလည်နိုင်သေးပေ။
![](https://img.wattpad.com/cover/276435138-288-k780667.jpg)
YOU ARE READING
Light,Dark:Opposite || Completed
FanfictionUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》