*Unicode*
Present And Past~ပစ္စုပ္ပန်နဲ့အတိတ်
နှစ်ယောက်တည်းရှိနေရတဲ့အခိုက်အတန့်က
အနာဂတ်အတွက်ဆိုလှပတဲ့အတိတ်
လက်ရှိအတွက်တော့အလှပဆုံးပစ္စုပ္ပန်တရားအင်း ငါတို့နှစ်ယောက်ရဲ့အမှတ်တရလေးပေါ့....
.... ❦ ....
"မလုပ်နဲ့!!!"
တိတ်ဆိတ်နေတဲ့ညသန်းခေါင်ယံကို သူ့ရဲ့အသံစူးစူးကဖြိုခွဲရင်း မှောင်မည်းနေသောအခန်းထဲမျက်ရည်တွေနဲ့ Jaeminကနိုးထလာရတယ်။
အိပ်မက်ဆိုးတို့နဲ့နိုးထလာရပြီး အိပ်ပျက်ညတွေထဲ ဒီညကိုထပ်ပေါင်းထည့်စေသူတရားခံက Jaeminကိုနာမည်လေးနဲ့တင်ခြောက်ခြားသွားစေသူ။
Sivan...Sivanဆိုတဲ့နာမည်ကတင် သူ့အပေါ်ဒီလိုသက်ရောက်မှုရှိတယ်။
"Sivan..ငါမင်းကိုသတ်ချင်လိုက်တာ!"
အံတင်းတင်းကြိတ်ရင်း လှိုက်တက်လာသောမုန်းတီးစိတ်တွေကို ဖြေဖျောက်ရပြန်တယ်။
မုန်းတီးစိတ်ရဲ့တစ်ထောင့်တစ်နေရာမှာ ကြောက်စိတ်ကလည်းကပ်ပါနေသေးတာ။
Jaeminဒီလမ်းကိုလျှောက်လမ်းခဲ့ရခြင်းက Sivanကိုသတ်ချင်သောစိတ်တစ်ခုတည်းကြောင့်။
အလှမ်းဝေးနေဆဲဖြစ်ပေမယ့် တစ်နေ့ကျရင်တော့Sivanကို သူသတ်မှာ။
ရေဘူးထဲကရေတွေတစ်ဝက်ကျိုးသည်အထိသောက်လိုက်ပြီး စိတ်ကိုလျော့နေတာတောင် သူ့ကိုယ်ကတုန်ယင်နေဆဲ။
မုန်းတီးစိတ်၊နာကျည်းစိတ်တွေက သူ့ကိုယ်ကိုလှိုက်စားနေသည်မှာ အပြင်းအထန်။
အိပ်မက်ဆိုးတွေက အတိတ်ဆိုးတွေဆီကလာတယ်။
သူ့အတွက်အတိတ်ဆိုးကိုဖြစ်တည်စေသူက Sivanဆိုတဲ့Evil။ညှာတာမှုကင်းတဲ့Evilကို သူကရအောင်သတ်ပြီး သူ့အတိတ်ဆိုးတွေကိုမေ့ပစ်မယ်။
ဒါကသူ့ရဲ့အကြီးမားဆုံးရည်ရွယ်ချက်....•••••
မှန်ပေါ်ကသူ့ရဲ့ပုံရိပ်ကို စူးစူးရှရှပြန်လို့စိုက်ကြည့်နေမိသည်။
YOU ARE READING
Light,Dark:Opposite || Completed
FanfictionUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》