*Unicode*
Weird~ထူးခြားဆန်းကြယ်သော
ဆန်းကြယ်ခြင်းကထိုကစတာပဲ။
ထူးထွေနက်နဲတဲ့ဆန်းကြယ်မှုမဟုတ်ပေမယ့်
အဖြေရှာလို့တော့မရခဲ့ဘူး။အင်း N မင်းကတော်တော်ဆန်းကြယ်တယ်။
.... ❦ ....
Gateတံခါးကိုကျော်ဖြတ်ပြီး ခြံဝန်းထဲဝင်လိုက်တာနဲ့ ကြီးကျယ်ခမ်းနားသောအိမ်နှစ်အိမ်ကိုမြင်လိုက်ရသည်။
နှစ်ထပ်တိုက်အိမ်တစ်လုံးရယ် အရွယ်အစားအတော်ကိုကြီးသောအိမ်တစ်လုံးရယ်....
ကျယ်ဝန်းတဲ့ခြံရဲ့နေရာတိုင်းမှာ အမည်းရောင်ဝတ်လူတွေက သေနတ်ကိုယ်စီနှင့် သုံးယောက်တစ်စုစီရှိနေကြပြန်သည်။
ကြီးမားသောခြံတံတိုင်းမှာလည်း လျှပ်စစ်ဓာတ်အားတွေ လွတ်ထားလောက်သည်ဟု Jaeminထင်သည်။
လုံခြုံရေးကိုတင်းတင်းကြပ်ကြပ်ချထားသည်မှာ Lee Jenoခွင့်ပြုချက်မပါရင် ခွေးတစ်ကောင်ကြောင်တစ်မှီးတောင် ဝင်လို့ရလိမ့်မည်မဟုတ်ပေ။
လုံခြုံရေးယူထားသောလူတွေအပြင် အိမ်အကြီးရဲ့အရှေ့ဘက်က မြက်ခင်းပြင်ပေါ်၌အချင်းချင်းတိုက်ခိုက်နေသူများလည်း ရှိနေသေးသည်။
မြင်နေရသောမြင်ကွင်းတွေကြောင့် သူ့အတွေးထဲရောက်လာတာတစ်ခုရှိသည်။
Saဂိုဏ်းက ဒီခြံဝန်းထဲမှာအခြေတည်သည်လား။
သူအကဲခတ်ကြည့်သလောက် ဒီအိမ်တွေရဲ့အနောက်ဘက်ကို သွားလို့ရသောလမ်းရှိနေသေးသည်။
ဒီအိမ်တွေရဲ့အနောက်မှာ ဘာတွေရှိနေနိုင်သေးလဲဆိုတာတော့ သူလည်းမခန့်မှန်းတတ်တော့ပေ။
"အထဲဝင်ရအောင် ကိုယ်တို့အဖွဲ့ထဲမဝင်ခင်မင်းကို ပြောပြထားရမှာတွေရှိတယ်"
ဘေးနားကLee Jenoရဲ့အသံထွက်လာမှ အတွေးတွေကိုဖြတ်တောက်ပြီးကားပေါ်က ဆင်းလာခဲ့လိုက်သည်။
အိမ်ထဲဦးဆောင်ဝင်သွားသည့်Lee Jenoရဲ့နောက်ကို Lee Jenoနားအမြဲရှိနေသောသူ့ရဲ့ညာလက်ရုံးဖြစ်သူနှင့်အတူ တိတ်တိတ်လေးလိုက်သွားလိုက်သည်။
YOU ARE READING
Light,Dark:Opposite || Completed
FanficUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》