Final Ending

783 74 16
                                    

*Unicode*

Final Ending~နောက်ဆုံးသောအဆုံးသတ်

လှခြင်း မလှခြင်းတွေကင်းပြီး ပေါင်းစပ်ဖို့ရာမဖြစ်နိုင်တော့တဲ့
လူသားနှစ်ယောက်ရဲ့ရွေးချယ်ရာက ခွဲခွာခြင်းဆိုရင်

အတူတူသေဆုံးလိုက်ခြင်း
ဒါကသူတို့ရဲ့နောက်ဆုံးသောအဆုံးသတ်....။

.... ❦ ....

သူယူသွားမဲ့ဓားတိုနှစ်ချောင်း နဲ့ သေနတ်တစ်လက်ကို စားပွဲပေါ်တင်ကာ အစ်ကိုMinhyungတို့ရှေ့မှာ ဝတ်ပြခဲ့သောကျည်ကာကို ပြန်ဖြုတ်ပြီးကုတင်ပေါ်တင်လိုက်သည်။

ကျည်ကာကသူ့အတွက်မလိုပေ။

အစ်ကိုMinhyungနဲ့BoSeonက စိတ်ပူလို့ဝတ်ခိုင်းနေတာကြောင့် စိတ်ချမ်းသာအောင် သူဝတ်ပြခဲ့ခြင်းပင်။

ဂျာကင်အင်္ကျီအနောက်ခါးကြားထဲ Jin BoSeonကတစ်ဆင့်တောင်းထားသော လျှပ်စစ်တုတ်ကိုထိုးထားလိုက်သည်။

ကျည်ဆန်အပိုကိုလည်း မမေ့အောင်သေချာထည့်လိုက်သည်။

"Jaeminအချိန်ကျပြီ"

တံခါးခေါက်သံနဲ့အတူထွက်ပေါ်လာသောအစ်ကိုMinhyungအသံကြောင့် အခန်းထဲကထွက်လာခဲ့လိုက်သည်။

အခုချိန်ထိJin BoSeonကမသွားသေးဘဲ ရှိနေသေးဆဲ။

"မသွားသေးဘူးလားSeon ငါကမင်းသွားပြီတောင်ထင်နေတာ"

"အင်းသွားတော့မှာ မင်းကိုမနှုတ်ဆက်ရသေးလို့"

"ဟမ်..အဲ့တာကအရေးကြီးလို့လား ဟိုဘက်ကနောက်ကျနေတော့မှာပဲ"

"နောက်မကျပါဘူး ငါသူတို့ကိုပြင်ခိုင်းထားပြီးပြီ ငါအဲ့ကိုတန်းသွားလိုက်ရင်ရပြီ"

"မင်းပိုင်ရင်ပြီးတာပါပဲ"

"အင်း...Jaemin"

"Umm"

"မင်းဂရုစိုက်မယ်မလား"

"သေချာပေါက်ပေါ့ မင်းလည်းဂရုစိုက်"

"အွန်း..."

Light,Dark:Opposite || CompletedWhere stories live. Discover now