*Unicode*
Bitterness~ခါးသက်မှု/အခါး
ငါ့ကိုခါးသက်မှုတွေမပေးပါနဲ့လားLee Jeno...။
.... ❦ ....
"ဒဏ်ရာကအနာကျက်နေပါပြီ...သတိထားရမှာက ဒဏ်ရာကိုရေမထိစေနဲ့ ဆေးလည်းပုံမှန်ထည့်ပြီး ပတ်တီးကိုလည်းပုံမှန်လဲပေးပါ"
"ဟုတ်ကဲ့ဆရာ..ကျေးဇူးတင်ပါတယ်"
ဘေးနားကဆရာဝန်နဲ့Hyuckနဲ့ပြောနေသည့် စကားများက Jaeminနားထဲဝင်တစ်ချက်မဝင်တစ်ချက်။
Jaeminစိတ်ထဲရှိနေသည်က Lee Jenoဘယ်ရောက်နေလဲဆိုတာပင်။
သူတို့ပြန်ရောက်တဲ့နေ့တစ်ရက်ထဲ Jaeminကိုသက်သာလားမေးပြီး နောက်ရက်တွေလုံးဝJaeminကိုလာမကြည့်ပါ။
အရင်ကဆိုဒီတိုင်းနေတောင် Jaeminကိုဂရုတစိုက်ရှိတဲ့Lee Jenoက အခုတော့ပျောက်ချင်းမလှပျောက်နေသည်။
၅ရက်တောင်ရှိနေရောပေါ့....။
တော်ရုံပဲကောင်းမယ်Lee Jeno...
မင်းနဲ့ငါကဘာမှမဆိုင်ပေမယ့် ငါက မင်းခိုင်းတာကိုလုပ်ရင်း ဒဏ်ရာရလာတဲ့သူမလား....။နည်းနည်းလောက်ဖြစ်ဖြစ်တော့မေးမှပေါ့။
အခုဟာကတော့....
"မင်းကအကြင်နာမဲ့လိုက်တာ..."
"ဘယ်သူ့ကိုပြောနေတာလဲ ငါ့ကိုပြောတာလားNa Jaemin"
Hyuckရဲ့သွားကြားထဲကထွက်လာသော စကားသံကိုကြားမှ သူလွတ်ခနဲပြောလိုက်မိမှန်း သဘောပေါက်တော့သည်။
Jaeminအတွက်ဆေးတွေကို သေချာပြင်ပေးနေသောHyuckသည် Jaeminကိုပြာကျတော့မလိုစိုက်ကြည့်နေသဖြင့် ခပ်မြန်မြန်ရယ်ပြလိုက်ရသည်။
ရင်းနှီးပြီးမှသိလိုက်ရသည်က Lee Donghyuckသည်တက်တက်ကြွကြွရှိတဲ့သူဖြစ်ကာ အရမ်းလည်းစွာပြီး လက်မြန်ခြေမြန်လည်းရှိသည်။
စကားအရမ်းများတာက အလွန့်အလွန်ပင်။
"မင်းကိုပြောစရာလား..Lee Jenoကိုပြောတာ ဒဏ်ရာရလာတဲ့ငါ့ကို တစ်ချက်တောင်လာမကြည့်ဘူး"
မကျေမနပ်ပြောလိုက်ပြီးမှ သူ့ကိုကြည့်လာသောHyuckအကြည့်တွေကြောင့် မလုံမလဲဖြစ်သွားရသည်။
YOU ARE READING
Light,Dark:Opposite || Completed
FanficUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》