Intoxicating

742 85 4
                                    

*Unicode*

Intoxicating~မူးယစ်စေသော

မင်းကဝိုင်ထက်ပိုပြီး ငါ့ကိုမူးယစ်စေတယ်။
မူးယစ်စေတာတွေငါမကြိုက်ဘူး။
ဝိုင်ထက်ပိုပြီးမူးယစ်စေတဲ့ မင်းကတော့ခြွင်းချက်ဆန်လေရဲ့....။

.... ❦ ....

ညအမှောင်အောက် 5 Starsအဆင့်ဟိုတယ်က အလှဆင်ထားသောမီးရောင်တို့နှင့် ထည်ထည်ဝါဝါလင်းလက်နေသည်။

ကားတွေဝင်ထွက်နေသောဟိုတယ်ဝင်းကလည်း စည်ကားနေပြီး အကောင်းဆုံးသောအဆောင်အယောင်တို့ကို ဆင်းမြန်းထားကာပွဲတက်လာသည့်အမျိုးသား၊အမျိုးသမီးတို့ကြောင့် ဟိုတယ်ကပိုလို့ထည်ဝါနေတော့သည်။

ထိပ်တန်းကုမ္ပဏီတစ်ခုရဲ့CEOမွေးနေ့မလို့ လာရောက်ကြသူတွေက ဒိတ်ဒိတ်ကြဲတွေဖြစ်ကာ သူငါအပြိုင်ဝတ်ဆင်ထားကြသောဝတ်စုံတွေနဲ့ ရတနာတွေကတလဲ့လဲ့။

ပြိုင်ဆိုင်မှုတွေကြား ဟန်ဆောင်အပြုံးတွေနဲ့ လူတွေကိုမြင်ရသည်က Jaeminကိုမွန်းကြပ်လာစေရုံမက အသက်ရှူပါကြပ်လာစေသည်။

ဟန်ဆောင်အပြုံးတွေ အတုအယောင်တွေကို Jaeminကသိပ်မုန်းသည်။ အတုအယောင်တွေကြားမှာ အစစ်အမှန်မဖြစ်နိုင်တဲ့ သူ့ကိုသူလည်း Jaeminကမကြိုက်ပါ။

လုပ်ငန်းရှင်တစ်ချို့နဲ့ စကား​လက်စုံကျနေသောLee Jenoကို တစ်ချက်လှမ်းကြည့်ပြီး သောက်စရာတွေတင်ထားသော စားပွဲရှည်ဘက်ဦးတည်လျှောက်သွားလိုက်သည်။

အသက်အရွယ်ပြည့်ပြီးသားသူတွေသာ ရှိနိုင်သောပါတီမို့လားမသိ အနည်းနဲ့အများမူးယစ်စေနိုင်သောသောက်စရာတွေသာ တွေ့နေရတာကြောင့် Alcoholသောက်လည်းမသောက်နိုင် ကြိုက်လည်းမကြိုက်တဲ့Jaeminက နှာခေါင်းရှုံ့မိတော့သည်။

ရှည်လျားတဲ့စားပွဲရဲ့ထောင့်မှာမှ ဝိုင်ခွက်တွေကိုတွေ့လိုက်ရတာကြောင့် ဝမ်းသာအားရစပျစ်ဝိုင်တစ်ခွက်ကိုယူကာ သောက်လိုက်သည်။

Alcoholပါသည်ဆိုပေမဲ့ ဝိုင်ကိုတော့အတိုင်းအတာတစ်ခုအထိ Jaeminသောက်နိုင်ပါသေးသည်။

ဝိုင်ခွက်ကိုယူပြီး Jenoရှိရာဆီပြန်သွားဖို့ပြင်ချိန် စားပွဲပေါ်ကသောက်စရာတွေကို ရွေးနေသောလူနှစ်ယောက်ကြောင့် Jaeminခြေထောက်တွေကတောင့်ခဲသွားသည်။

Light,Dark:Opposite || CompletedWhere stories live. Discover now