*Unicode*
If I even DIE
ငါသေသွားရင်တောင် မင်းဆီတစ်ခါလောက်ဖြစ်ဖြစ်
ရောက်အောင်လာခဲ့မယ်ချစ်သော....။.... ❦ ....
"ဆေးရုံဆင်းလို့ရပါပြီ ကျွန်တော်မှာထားတာတွေကို မမေ့ဘဲ သေချာလေးဂရုစိုက်ပေးပါ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ"
ဆရာဝန်ပြန်ထွက်သွားသည်နှင့် အစ်ကိုMinhyungယူလာပေးသော ဝတ်စုံတစ်စုံကို ဆေးရုံအဝတ်တွေနဲ့လဲဝတ်လိုက်သည်။
အချိန်နှစ်ပတ်ကျော်လောက် ဆေးရုံအဝတ်ချည်းဝတ်ထားရတာကြောင့် ညီးစိစိဖြစ်နေရာမှ သာမန်အဝတ်လဲဝတ်လိုက်ချိန် လူကချက်ချင်းလန်းဆန်းသွားတော့သည်။
ဝတ်လက်စဆေးရုံအဝတ်ကိုသေချာခေါက်ပြီး ရေချိုးခန်းအပြင်ကိုထွက်လိုက်ချိန် အခန်းအတွင်းက တင်းမာနေသောလေထုကို ချက်ချင်းခံစားလိုက်ရသည်။
ရုတ်ချည်းပြောင်းလဲနေသောလေထုအနေအထားကို နားမလည်နိုင်စွာဖြင့် အသံတိတ်အကြည့်ချင်းဆုံနေသူနှစ်ယောက်ကို ကြောင်ကြည့်နေမိသည်။
ငါးမိနစ်ခန့်ကြောင်နေပြီးမှ အသိဝင်လာကာ ဘာဖြစ်နေမှန်းမသိသော လူနှစ်ယောက်နားလျှောက်သွားလိုက်သည်။
"ဆရာ ဘယ်တုန်းကရောက်နေတာလဲ"
သူအသံကြားမှ အစ်ကိုMinhyungနဲ့ဆရာက သူ့ကိုလှည့်ကြည့်လာပြီး အစ်ကိုMinhyungကပစ္စည်းတွေဆက်သိမ်းကာ ဆရာကကုတင်ဘေးကခုံမှာဝင်ထိုင်လေသည်။
နှစ်ယောက်လုံးရဲ့အပြုအမူတွေက ထူးဆန်းသလိုခံစားနေရသည်က ဘာကြောင့်ရယ်မှန်းမသိပါ။
"ခုနကပဲရောက်တာ...ဆေးရုံတောင်ဆင်းရပြီဆိုတော့ သက်သာနေပြီမလားJaemin"
"ဟုတ်ကဲ့ဆရာ ကျွန်တော်ဘာမှမဖြစ်တော့ပါဘူး အစ်ကို့ကျေးဇူးကြောင့်"
"Jaeminကိုစောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်Minhyung ဒီကလေးကိုစောင့်ရှောက်ရမှာက ငါ့တာဝန်ဖြစ်ပေမဲ့ ငါ့ဘက်ကလစ်ဟင်းနေမိတယ်"
"မလိုပါဘူးဗျာ...ရဲမှူးချုပ်ကတအားအလုပ်များတဲ့သူပဲလေ ဘယ်အားပါ့မလဲ နောက်ပြီးJaeminကကျွန်တော့်ရဲ့ညီအရင်းလိုပါပဲ"
YOU ARE READING
Light,Dark:Opposite || Completed
FanfictionUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》