8..(အဆက်အစပ်မရှိသော) Uni Zawgyi

1.9K 237 2
                                    

~..8..~(အဆက်အစပ်မရှိသော)

နောက်တစ်နေ့မိုးလင်းသွားသော်လည်း အိမ်တော်ဟောင်း၏ အတွင်းပိုင်းတွင်တော့ ပိန်းနေအောင်မှောင်နေမြဲဖြစ်၏။
နောက်တစ်နေ့ရောက်သွားသည်ကို ဖုန်းထဲက Calendar က သက်သေပြ၍သာ နေ့ကူးသွားမှန်းသိရပေသည်။

နောက်ဆုံးဝင်ပေါက်ထဲကနှစ်ယောက် မနေ့ညက မနည်းကျောချဖို့နေရာရှာလိုက်ရပြီး အိပ်ပျော်သွားကြသည်။

ဟောက်ရွှမ်းအရင်နိုးလာတော့ အရာအားလုံးက အမှောင်ကမ္ဘာထဲရောက်နေသလို မိုးတောင်လင်းသေးမည်မဟုတ်ဟု ထင်သည်။

သို့သော် အိပ်ပျော်သွားသော အချိန်ကာလများက သက်သေရှိနေသောကြောင့် သူ့မှာ ကမန်းကတန်းနိုးလာသည်။
ဘေးဘီဝဲယာကိုကြည့်မိတော့ ကျိရန်မရှိ။

ထိုအချိန်မှာပဲ တဂျစ်ဂျစ်ကုပ်သံကြောင့် အသံလာရာကြည့်မိတော့ ကျိရန်တစ်ယောက်ထဲအလုပ်ရှုပ်နေသည်ကိုတွေ့လိုက်ရသည်။
နံရံနဲ့သူနဲ့တိုင်ပတ်နေ၏။

" အကိုကျိရန်..ဘာဖြစ်လို့လဲ "

သူ့အသံကြောင့် ကျိရန်လှည့်လာသည်။

" နိုးပြီကိုး..၉နာရီပဲထိုးနေပြီ မင်းအတော်အိပ်ပုတ်တဲ့ကလေးပဲ "

ကလေး ကလေးနဲ့ ဒီအကိုကြီးက ဆရာရှောင်းနှင့်အင်မတန်တူပေသည်။
ဆရာရှောင်းလည်း ရိပေါ်ကို ကလေးကလေးဖြင့်။
ယခုလည်း သူရဲ့ ဦးလေးလော ညီလောက သူများကို ကလေးလို့ပြောပြန်ပြီ။
သေချာတာကတော့ ရှောင်းမျိုးရိုးတွေက ကိုယ့်ကိုကိုယ် ဘိုးဘွားရိပ်သာရောက်နေတယ်လို့ ခံယူထားသည်ဖြစ်ရမည်။
ထို့ကြောင့် သူတို့ထက်တစ်နှစ်ငယ်လျှင်တောင် ကလေးဟုပင်ပြောကြမည်လော။

" ကျွန်တော်က မိုးမလင်းသေးဘူး ထင်နေတာ "

" ဟုတ်တယ် အိမ်ကအတော်မှောင်တယ် "

" အကိုကျိရန် ဘာလုပ်နေတာလဲ "

" အမြင်များလှည့်စားခံထားရလားလို့ နံရံကိုခြစ်ကြည့်နေတာ "

ကျိရန် သူကိုင်ထားသော ခပ်ချွန်ချွန်အရာလေးကို နံရံ၌ဆက်ခြစ်ကြည့်နေ၏။
ခဏကြာမှစိတ်ကျေနပ်သွားပုံရသည်။
သက်ပြင်းဖွဖွချလာ၏။

Mysterious House and Secret Love (ZhanYi)COMPLETEWhere stories live. Discover now