Unicode
✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘....🖤'°•36•°´ (ရေမြေခြားလည်းချစ်နေမှာ)
တစ်ခါဆိုတစ်ခါမှသူ့အပေါ်စိတ်မကောက်ဖူးပါသောကောင်လေး တကယ်စိတ်ကောက်သွားတာ သူအခုမှကြုံရပါသည်။
သူနဲ့ဝေးရာကိုပို့လို့ဆိုပြီး မခေါ်မပြောပဲစိတ်ဆိုးနေလိုက်တာ ညရောက်တဲ့အထိစကားတစ်လုံးမှမပြောပဲ ရုပ်တည်ကြီးဖြင့်သာ။
သူလည်းဘယ်လိုရှင်းပြရှင်းပြ ဘယ်လိုချော့ချော့ ထိုကောင်လေးလုံးဝနားကိုမဝင်။
မခွဲချင်တာနားလည်ပေမယ့် ရှေ့ရေးအတွက်ဆိုတော့လည်း ခက်သား။
ပြည်တွင်းပြည်ပဗဟုသုတဆိုတာ ဝမ်မိသားစုရဲ့သားလေးတစ်ယောက်အနေနဲ့ဆိုအုံး သိထားသင့်သည့်အရာပင်။
ထို့အပြင် ဒီလောက်တော်သည့်ကလေးက knowledge ပေါင်းစုံသိထားတတ်ထားတော့ တစ်ချိန်မှလောကကြီးထဲ ခေါင်းမော့ရင်ကော့ပြီးသာသာယာယာနေသွားနိုင်မှာမဟုတ်လား။" ကလေးရေ ကိုယ့်ကိုစကားပြောပါအုံး "
"....."
" ကိုယ်ရှင်းပြတာကိုကလေးနားမလည်ဘူးထင်တယ်.."
"....."
" ကလေးကိုယ့်ကိုစိတ်ဆိုးနေမယ်ဆိုရင် ကိုယ်ပြန်စိတ်ဆိုးလိုက်ရမလား..ကိုယ့်စကားကိုနားမထောင်တော့ဘူးပေါ့လေ "
" ဘာကိုပြန်စိတ်ဆိုးလိုက်မှာလဲ..ကျွန်တော်ကမှစိတ်ဆိုးရမှာမဟုတ်ဘူးလား "
ဒါတစ်နေကုန်နေမှ ပထမဆုံးပြန်ရလိုက်တဲ့စကားလေးမို့ မချိုသာသော်လည်း ရှောင်းကျန့်အနည်းငယ်စိတ်သက်သာရာရသွားသည်။
" ကလေးရယ်..ကျောင်းပိတ်ရင်ပြန်လာလို့ရပါတယ်..ဘွဲ့ရတာနဲ့သွားလိုက်လေ "
" ကျွန်တော်ကောကောနဲ့မခွဲချင်ဘူးလေ "
" နေ့တိုင်းဖုန်းဆက်မယ်လေ စကားတွေပြောကြမယ်..ကလေးရဲ့တစ်နေ့တာလုပ်ငန်းတွေအကြောင်း ညကျကိုယ့်စီဖုန်းဆက်ပြောပြပေါ့ "
" ကျွန်တော်ကလေ..သူများတွေပြောတာကိုကြောက်တာ "
" ဘာပြောတာလဲ "
" သူများတွေပြောကြတယ်လေ အနေဝေးတော့သွေးအေးတယ်ဆိုလားဘာလား "
YOU ARE READING
Mysterious House and Secret Love (ZhanYi)COMPLETE