26..အောင်သွယ်တွေမလိုတော့ဘူး(Uni Zawgyi)

1.9K 209 5
                                    

✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘....🖤

'°• 26 •° (အောင်သွယ်တွေမလိုတော့ဘူး)

မနေ့ညက အပျော်တွေလွန်ပြီး ဘယ်လိုဘယ်လိုအိပ်ပျော်သွားလဲမသိ။
မနက်နိုးလာတော့ မနေ့ညကအဖြစ်အပျက်လေးကို ရိပေါ်တကယ်မယုံနိုင်သေး။
တကယ်ကြီးဖြစ်ခဲ့တာ..အိပ်မက်မဟုတ်ဘူး ဟု မိမိကိုယ်မိမိ အထပ်ထပ်အခါခါသတိပေးနေမိရာ ညကအိပ်မက်ထဲမှာတောင် ဆရာရှောင်း၏အနမ်းလေးပါလာသေးသသည်အထိ။
တကယ်ပါ..တကယ်ကို ရူးနေပြီထင်ပါရဲ့..
အပျော်လွန်ပြီး ဘယ်နားပြေးကာအော်ဟစ်မြူးတူးလိုက်ရမှန်းတောင်မသိပါ။

အခုချိန် တံတားကြီးတစ်စင်းပေါ်သွားကာ မြင်ကွင်းတွေစီ အသံအကျယ်ကြီးနဲ့..'အား...' ဟု အော်ထုတ်လိုက်ရလေမလား..?
ပင်လယ်စီသွားပြီး ပင်လယ်ပြင်ကို 'အား...' ဟု အော်ထုတ်ပစ်လိုက်ရလေမလား..? သူမသိတော့။
ဒါမှ စိတ်ထဲအလွန်အမင်းပေါ့ပါးသွားကာ ပျော်ရရွှင်ရပိုကောင်းသွားမည်ဟုထင်။
'အားး....' ဟုအော်ချင်တာက ဝမ်းသားလွန်းတဲ့အသံကြီးနဲ့နော်။
'အား....ပျော်လိုက်တာဗျာ' လို့လေ။

သူ့အတွေးနဲ့သူဟုတ်နေတုန်း တစ်ဖက်သို့လှည့်လိုက်တော့ ဆရာရှောင်းကိုမတွေ့ချေ။
အစောကြီးထသွားပြန်ပြီလား။
ဘာလို့လဲ။

ရိပေါ် ဒီတစ်ခါ တော်တော်တုန်လှုပ်သွားမိတာပါ။ မနေ့ညကမှသူသိလိုက်ရတဲ့အဖြေလေးက ပြန်ပြောင်းသွားတော့မှာလား စိုးရိမ်လာသည်။
ဆရာရှောင်း သူ့ကိုရှောင်ပြီးထွက်မသွားလောင်ဘူးမလား။

အိပ်ယာမှအမြန်ထကာ ရေချိုးခန်းစီကြည့်တော့လည်းမရှိ၊ စာကြည့်ခန်းတွင်လည်းမရှိ၊ ဧည့်ခန်းမှာလည်းမတွေ့...
ခြေထောက်ကဒဏ်ရာကြောင့် မနေ့ကစိတ်ပူခဲ့ပေမယ့် အခုတော့မျိုးစုံတွေးကပူပန်နေမိသည်။

ထိုအချိန်မှာပဲ တံခါးကဘဲလ်သံပေါ်ထွက်လာ၏။
မျက်နှာတောင်မသစ်အားသောရိပေါ်..ချက်ချင်းပဲ တံခါးသွားဖွင့်လိုက်ရာ ဆရာရှောင်းဖြစ်နေ၍ လက်ထဲမှာလည်း အထုတ်တွေဖြင့်။

ရိပေါ် တစ်ခေါင်းလုံးရှုပ်ပွနေတာမှ ဆံပင်ကမျက်လုံးကိုပင်ဖုံးတော့မည်ဖြစ်ကာ အိပ်ရေးဝလို့ပြည့်နေတဲ့မျက်နှာလေးနဲ့ ရယ်ချင်စရာကလေးလေးပမာ။

Mysterious House and Secret Love (ZhanYi)COMPLETETempat cerita menjadi hidup. Temukan sekarang