47, 48 (Uni Zawgyi)

1.3K 132 0
                                    

✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘....🖤

'°•47•°´ (အမြော်မြင်ကြီးသောသားအဖသုံးယောက်)

" ရှောင်ဝမ်လေးရေ ပါးစီလာပါအုံး "

အိမ်ထဲခြေချမိတာနဲ့ သားလေးကိုအရင်ခေါ်မိသောရှောင်းကျန့်အကျင့်ကပြင်မရ။
ပါတီကပြန်လာသောပါပါးနှစ်ယောက်ကိုမြင်တာနဲ့ ရှောင်ဝမ်လည်းအမောတကောပြေးထွက်လာပေသည်။

လုံးတုံးတုံးလေးပြေးထွက်လာသော ဖြူဖြူလုံးလုံးသားငယ်လေးအား ရှောင်းကျန့်ကောက်ချီလိုက်၍ ပါးဖောင်းဖောင်းကြီးတွေကိုမွှေးမွှေးပေးလိုက်၏။
ဘေးက ရိပေါ်လည်းမျက်နှာထက်အပြုံးတွေနဲ့ သားလေးအားပါးလေးဆွဲညှစ်ကာမေးလိုက်သည်။

" သား..ထမင်းစားပြီးပြီလား "

" ဟုတ်..ပါပါးဝမ် "

သားလေးအားခဏလာထိန်းပေးသော ကျိုးချန်တို့လည်းအနောက်ကနေလိုက်ထွက်လာကြသည်။

" ကျွေးပြီးပါပြီကွာ မင်းတို့သားကလေ ငါ့သားနဲ့တစ်ပန်းကန်ထဲစားရမှဆိုပြီး ဂျီကျသေးလို့ကျွေးလိုက်ရတယ် "

ထိုစကားကြောင့် ပါပါးရှောင်းနဲ့ပါပါးဝမ်ဆွံ့လျက် သားဖြစ်သူကိုမနိုင်ဘူးဟူသည့်အကြည့်များဖြင့်။

" ပါပါးတို့..သုကိုမဆူပါနဲ့ "

ကျင်းမမလေးချီထားရာကနေ သုံးနှစ်သားလေးကျန့်က ဝင်ရောက်တောင်းပန်နေရှာသောကြောင့် မိဘများဝါးလုံးကွဲအောင်ထရယ်ကြတော့သည်။

ကျိုးချန်လည်း​ရယ်နေရင်းခေါင်းတခါခါဖြင့်ပြောလိုက်သေးသည်။

" သြော်...ချစ်ခြင်းမေတ္တာဆိုတာ တကယ်ကြီးထူးခြားတာပါလား နောက်ဘဝရောက်လည်းချစ်ကြတုန်း "

ကျင်းမမလေးမှ ကျိုးချန်အားတံတောင်နှင့်တို့လိုက်ကာ ဘာတွေပြောနေလဲဆိုသည့်အကြည့်ဖြင့် ကလေးတွေကိုမစသင့်ကြောင်းပြနေသည်။

ရှောင်းကျန့် ရှောင်းဝမ်လေးရဲ့ဆံပင်တွေကိုထိုးဖွလိုက်ကာ အောက်သို့ပြန်ချပေးလိုက်သည်။

" ကျန့်လေးနဲ့သွားဆော့အုံး ပါပါးတို့ရေချိုးပြီးရင် ကစားကွင်းလိုက်ပို့ပေးမယ် "

Mysterious House and Secret Love (ZhanYi)COMPLETEOnde histórias criam vida. Descubra agora