32..ချို​မြိန်သောနံနက်ခင်း(Uni Zawgyi)

1.4K 193 3
                                    

✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘....🖤

'°• 32 •°' (ချိုမြိန်သောနံနက်ခင်း)

ညစာစားပြီးလို့တင်းသွားသောဗိုက်ကိုအနားပေးလိုက်ကြ၍ အနားယူအိပ်စက်လိုက်ကြသည်မှာ နံနက်မိုးလင်းသွားခဲ့သည်။

ဒီနေ့မှာတော့အဖိုးကျန်းက အပန်းဖြေစခန်းကြီးရဲ့အရှေ့ဘက်မှာရှိတဲ့ ဥယျာဥ်ခြံမြေကြီးကိုသွားကြည့်ဖို့ ဖိတ်ခေါ်ထား၏။
ထိုဥယျာဥ်ကြီးက ရှောင်းကျန့်အဖိုးမဆုံးခင်ကတည်း တည်ဆောက်ခဲ့တာဖြစ်ပြီး မဖိုးကျန်းကိုယ်တိုင်ပြုစုပျိုးထောင်ထားသော ဥယျာဥ်ကြီးပင်။
ရှောင်းကျန့်ငယ်ငယ်က အဖိုးနဲ့အတူထိုဥယျာဥ်ကြီးစီ ခဏခဏရောက်ဖူးဖြစ်ခဲ့ပေမယ့် အဖိုးဆုံးပြီးနောက်ပိုင်းမရောက်ဖြစ်တော့တာအတော်ကြာသွားပြီဖြစ်သည်။
ဒီနေ့တော့ ချစ်ရသူလေးကိုတစ်ပါတည်းခေါ်သွားပြီး ပျော်ပျော်ကြီးအချိန်ကုန်ဆုံးလိုက်ဖို့ ရည်ရွယ်ထား၏။

နှစ်ယောက်လုံးရေမိုးချိုးကာပြင်ဆင်ကြပြီးနောက် အဖိုးကျန်းနှင့်အတူ ဥယျာဥ်ခြံမြေရှိရာစီထွက်လာခဲ့လိုက်ကြသည်။

ဥယျာဥ်ကြီးကအရင်ကထက်တောင် တော်တော်ကြီးကျယ်သွားသလို ဥယျာဥ်လမ်းလေးထဲဝင်ဝင်ချင်းပဲ သစ်ရိပ်ဝါးရိပ်လေးဖြင့်အေးချမ်းသွားရ၏။
စီလိုက်တန်းလိုက်စနစ်ကျသေသပ်စွာစိုက်ပျိုးထားသော ပန်းပေါင်းစုံတို့ကလည်း အရောင်အသွေးစုံစွာလှနေကြသည်မှာ ပန်းချီကားတစ်ချက်လိုပင်။
အဖိုးကျန်းကလည်း ပျော်ပျော်ကြီးပဲအပင်တွေအကြောင်းရှင်းပြပေးသည်။

" ဟိုအပင်တွေ့လား..အဲဒါလွန်ခဲ့တဲ့ဆယ်နှစ်ကတည်းကစိုက်ထားတာလေ..
အရမ်းဖွံ့ပြီးအရိပ်လည်းတော်တော်ရတယ်..
ဒီနေ့ဥယျာဥ်ပိတ်ထားဘို့ပေါ့ကွာ..မဟုတ်ရင်လူတွေဓာတ်ပုံရိုက်လို့မဆုံးဘူး "

" ဒီနေ့ပိတ်တာလား အဲဒါကြောင့်လူတွေမတွေ့ပါဘူးထင်နေတာ "

ရှောင်းကျန့်မေးတော့မှရိပေါ်လည်းသတိထားမိ၏။
အဖိုးကျန်းကပြုံးပြုံးလေးပဲရှင်းပြလာလေသည်။

" သခင်လေးတို့ကို ဒီနေ့ဥယျာဥ်ထဲဖိတ်ချင်လွန်းလို့ပိတ်ထားရတာပါ..လူမရှိတော့ပိုမကောင်းဘူးလား "

Mysterious House and Secret Love (ZhanYi)COMPLETETempat cerita menjadi hidup. Temukan sekarang