~•~ 9 ~•~(အားကိုးပါရစေ)
ပန်းချီကားမှာ စက်တံခါးလို အပေါ်သို့ရွေ့သွားပြီးနောက် မှောင်ပိန်းနေသော ဧရာမအပေါက်ဝကြီးပေါ်လာသည်မှာ တံခါးနှစ်ချပ်အရွယ်ထက်ပင်ကြီး၏။
နှစ်ယောက်လုံး ထိုအပေါက်ဝကြီးအား သတိထားစောင့်ကြည့်နေကြသော်လည်း ဘာမှမထူးခြားလာခဲ့။
" ဆရာ ကျွန်တော်တို့ဝင်သွားကြည့်ကြမလား "
ထိုတစ်နည်းသာရှိတော့သည်။
ထိုထဲဝင်မသွားရင်လည်း ဆက်သွားစရာလမ်းဟူ၍ရှိတော့မည်မဟုတ်ပဲ ဤအခန်းထဲ၌သာပိတ်နေတော့မည်ဖြစ်သည်။
ထို့ကြောင့် စွန့်စားကြည့်ရန် ရှောင်းကျန့်ဆုံးဖြတ်လိုက်သည်။" သွားကြတာပေါ့ "
ရိပေါ် သူ့အိတ်သူကောက်လွယ်ကာ ဓာတ်မီးကို အဆင်သင့်ကိုင်လိုက်၏။
ရှောင်းကျန့်မှ ထိုတံခါးသဖွယ် အပေါက်ဝကြီးကိုကြည့်လိုက်တော့ မြေပြင်မှ ၅ပေလောက်အမြင့်ရှိနေ၍ ရိပေါ်စီ တစ်ချက်လှည့်ကြည့်မိသည်။
" မင်းဒီအပေါ်ကို ကုပ်တက်တတ်လား "
" ဗျာ "
ရိပေါ်လည်း တစ်ချက်ကြည့်လိုက်ပြီး ရိုးသားစွာပြန်ဖြေသည်။
" တက်နိုင်တယ်ထားပါအုံး ဆရာ..
ကျွန်တော်တက်သွားလို့ အပေါ်ရောက်သွားတဲ့အချိန်နဲ့ ဆရာတက်မလာခင်အချိန်ကြားမှာ အပေါက်ထဲကနေ တစ်ခုခုထွက်လာပြီး ကျွန်တော့်ကိုကိုက်စားသွားတာတို့ ခေါ်သွားတာတို့ဆိုရင် ဘယ်လိုလုပ်မလဲဆရာ "ရှောင်းကျန့် နံရံနှင့်ခေါင်းသာ စောင့်လိုက်ချင်တော့သည်။
ပေါက်ကရလေးဆယ်ပြောသောနေရာ၌ ဝမ်ရိပေါ်ကဒုတိယဆို ပထမဆိုတာရှိလာမည်မဟုတ်ပေ။
သူ့ဦးနှောက်က မည်သို့များတွေးတတ်လိုက်လေသလဲမသိ။" ဒါဆို ငါအရင်တက်သွားမယ် မင်းနောက်မှတက် "
" အဲဒါဆို ကျွန်တော်တစ်ယောက်ထဲ အောက်မှာနေခဲ့ရမှာလား "
ရှောင်းကျန့် ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။
" မင်းရောငါရောဒီအခန်းထဲမှာရှိနေတာကြာပြီ..
တစ္ဆေတို့သရဲတို့သာခြောက်ချင်ရင် မင်းအခုလိုအေးဆေးနေလို့ရမှာမဟုတ်ဘူး "
![](https://img.wattpad.com/cover/277022937-288-k988592.jpg)
BINABASA MO ANG
Mysterious House and Secret Love (ZhanYi)COMPLETE