°•°..4..°•° (ရှောင်းအိမ်တော်ဟောင်း)
ခြံတစ်ခြံလုံး စိမ်းစိုနေကာ သစ်ပင်ပန်းပင်များက အစီအရီပွင့်ဖူးဝေဆာနေကြသည်။
မိုးတွင်းဖြစ်သည်မို့ သစ်ရွက်များပေါ် ရေစက်ကလေးများတွဲခိုနေ၍ မြရောင်စမ်းထားသလိုပင်။ရှောင်းကျန့် နှင့် ကျိရန်တို့ တူးရီးညီအစ်ကိုနှစ်ယောက် ခြံထဲဝင်ရောက်သွားကြကာ ကျိရန်၏အဒေါ်၊ ရှောင်းကျန့်၏အဖွားအိမ်ပင်ဖြစ်သည်။
သူတို့လာမည်ကိုကြိုအကြောင်းထားတာမို့ အိမ်ထဲဝင်သွားတာနဲ့ စောင့်ကြိုနေသောအဖွားအိုတစ်အားတွေ့လိုက်ရသည်။
အဖွားအိုသာဆိုသည် အသက် ၈၀ နားနီးနေသော မိန်းမသားတစ်ယောက်က သန်စွန်းဆဲဖြစ်ကာ laptop တစ်လုံးကို ပေါင်ပေါ်တင်ရင်း မျက်မှန်ကြီးနဲ့ စူးစူးစိုက်စိုက်ကြည့်နေ၏။
" ရောက်လာကြပြီလား လာထိုင်ကြလေ "
သူတို့ဝင်လာသည်ကိုတွေ့တော့ ထိုအဖွားကလှမ်းခေါ်သည်။
နှစ်ယောက်လုံး ဆိုဖာခုံတွေစီဝင်ထိုင်လိုက်ကြ၏။
အဖွားက laptop ကိုပဲကြည့်နေကာ သူတို့အားမေးခွန်းမမြည်သောမေးခွန်းအားမေးလိုက်သည်။" သတင်းအကြောင်းသိကြပြီးပြီပေါ့ "
" ဟုတ်ကဲ့ "
သေချာသည်။ ရှောင်းအိမ်တော်ဟောင်းအကြောင်းသတင်းပင်ဖြစ်သည်။
နှစ်ယောက်လုံးလည်း သိနှင့်ပြီးနေကာ ထိုကိစ္စကြောင့်ပင် ဒီကိုရောက်လာကြခြင်းပင်။
ဤအဖွားသည် ရှောင်းသခင်ကြီး၏ညီမ ရှောင်းလီ၏ မျိုးဆက်ဖြစ်သည်။
အတိအကျပြောရလျှင် ရှောင်းကျန့်အဖေ၏အဒေါ်တော်ဆက်သည်။
ထို့ကြောင့် ဖွားလေးဟုလည်းဆိုနိုင်၏။သူမက အေးဆေးတည်ငြိမ်ပြီး ထက်မြတ်သောမိန်းမတစ်ယောက်ပင်။
နိုင်ငံခြားမှာဆေးကုပြီး ဒီကိုအပြန် အငယ်ဆုံးတူဖြစ်သူ ကျိရန်နဲ့ မြေးရှောင်းကျန့်တို့က သူမအားရှောင်းအိမ်တော်ဟောင်းအကြောင်း ဆက်တိုက်မေးခဲ့သည်။
သူမသည် တစ်မျိုးလုံးထဲတွင်ခေါင်းအမာဆုံးဖြစ်ကာ ရှေးရိုးစွဲလည်းသိပ်မထား၍ သူသိထားသမျှကို အခြားအမျိုးတွေလို ဖုံးကွယ်ထားဖို့ သိပ်အလိုမကျပေ။
သူမကိုယ်တိုင်ကလည်း ငယ်စဥ်ကတည်းက ကိစ္စတစ်ခုကိုကိုယ်တိုင်ဝင်ပါလိုက်ရမှ ကျေနပ်အားရသည့်အတွက် မြေးတွေကိုလည်းသူ့အတိုင်းဖြစ်စေချင်သည်။
ထို့ကြောင့် သူမသိသမျှကိုတော့ ပြောပြဖို့ဝန်မလေးပါချေ။
ESTÁS LEYENDO
Mysterious House and Secret Love (ZhanYi)COMPLETE