fb ဝင်မရတာနဲ့ Wp မှာပါမတင်ဖြစ်တာပါ အခုမှပြန်သွလို့ up လိုက်ပါတယ် wp မှာ ဖတ်ကြသေးမယ်မဟုတ်လား
°••• 15 •••°(ဘိုးဘေးတို့ ပြန်လည်ဆုံတွေ့ခြင်း)
ဝှူး...!!
ကျောက်သားဂူကြီးထဲ၌ အေးစိမ့်ယုံသာမက ထူးဆန်းသောမြွေကြီးက ထူးဆန်းစွာပို့လိုက်သော ထူးဆန်းသည့်အိပ်မက်ပေမို့ အချမ်းဓာတ်က တိုက်ရိုက်အချိုးကျ ခံစားနေရသည်။
အရေးမပါသောသရဲမကလည်း ဘာကိစ္စရောက်လာပြန်ရလဲမသိပေ။
ထို့ကြောင့် ကျောက်နံရံအကွယ်မှ ဆရာတပည့်နှစ်ယောက် အသံမထွက်ကြ။သရဲမက ဝူးဝူးဝါးဝါးဖြင့် ထပ်အော်ပြန်သည်။
သေချာကြည့်လိုက်မှ သရဲမက အဖော်သွားခေါ်သည်ထင်ရဲ့။ နောက်ထပ် သရဲမတစ်ကောင်ပါလာ၏။
သေချာသည်ကတော့ သတိုးသမီးလောင်းသရဲမနှစ်ကောင် ပူးပေါင်းလိုက်ကာ ရန်သူကိုတိုက်တော့မည်ထင်၏။" ဘယ်မှာလဲ ကျူးကျော်သူတွေဆို? "
" တစ်နေရာရာမှာ ပုန်းနေတာ! "
သရဲမနှစ်ကောင်က အပြန်အလှန်ဆွေးနွေးတိုင်ပင်နေကြသည်။
သရဲနှစ်ကောင်နှင့် လူနှစ်ယောက် ထိပ်တိုက်တိုးပါလျှင် ဘယ်သူနိုင်မည်ဆိုတာကတော့ တွေးကြည့်စရာပင်မလိုတော့ပေ။သို့သော် ထိုသရဲမနှစ်ကောင်က အဘယ်ကြောင့် ဤကျောက်ဂူစီရောက်နေရသနည်း?
ဘာအတွက်ကြောင့် ဤနေရာ၌ရှိနေရသနည်း?
ရှောင်းသခင်းကြီးနှင့် ပတ်သက်သည့်တစ်စုံတစ်ရာရှိနေလို့များ သတို့သမီးလောင်းသရဲမနှစ်ကောင်က ဤနေရာကိုကျူးကျော်သူမဝင်စေချင်နေကြပေလော။အခြေအနေကြည့်ရသည်မှာ ထွက်သွားကြမည့်ပုံမပေါ်သည်မို့ ထိပ်တိုက်ရင်ဆိုင်ဖို့ကလွဲ ကြံရမရှိတော့ပေ။
ထို့ကြောင့် ရှောင်းကျန့်မှ ရှေ့ထွက်ရန် ပြင်လိုက်ချိန် သရဲမနှစ်ကောင်အားကျော်၍ ဟိုးအနောက်တွင်ရှိနေသော ကျောက်တံခါးတစ်ချပ်ကိုတွေ့လိုက်ရသည်။
တံခါးဟူ၍မရှိ တံခါးပေါက်ကြီးသာပင်။ရှောင်းကျန့်မှ ရိပေါ်ကို သူ့အနောက်သို့ဆွဲပို့လိုက်ကာ မြေပြင်ထက်မှ ကျောက်တုံးသေးတစ်တုံးကိုကောက်ယူလိုက်၏။
ထို့နောက် ပါးစပ်ဟရုံလောက်လေးဖြင့် ရိပေါ်အနားကပ်ပြောလိုက်၏။
YOU ARE READING
Mysterious House and Secret Love (ZhanYi)COMPLETE