:-->..6..-->: (ထူးဆန်သောအရာများ)
အိမ်တော်ဟောင်းကြီးထဲ တိတ်ဆိတ်မှုများက ကြီးစိုးနေ၍ ထိုတိတ်ဆိတ်မှုအားဖြိုခွင်းနေသည်မှာ ပြင်ပမှောင်ကြီးမည်းကြီးထဲမှခွေးအူသံများပင်။
ထိုခွေးအူသံသားများက မရပ်တန့်နိုင်သေး၍ ပို၍ပင်ကျယ်လောင်လာသလိုကြားနေရသည်။
ဆရာရှောင်းကလည်း သူ့ဘေးမှတပည့်ဖြစ်သူအား အနားတွင်ထားကပ်နေစေ၍ ကလေးတစ်ယောက်လိုသဘောထားကာ သူ့လက်အားဆုပ်ကိုင်ထား၏။
မည်သည့်ဆရာပင်မဆို မိမိ၏တပည့်အား ကလေးအဖြစ်မြင်ကြခြင်းသည် သဘာဝပေ။
ထို့အပြင် မိမိကလည်း ဆရာကောင်းပီသစွာနှင့် တပည့်ရှေ့၌နေပေးရမည့်ဝတ္တရားအပြည့်ရှိသည်။
မိဘများပြီးလျှင် ဆရာများသည် ဒုတိယမိဘပင်မဟုတ်ပေလား။
ရိပေါ်နေရာ၌ မည်သည့်တပည့်ဖြစ်နေပါစေ ရှောင်းကျန့် ဤနည်းအတိုင်းအားပေးကာ မားမားမတ်မတ်ရပ်တည်ပေးမည်ဖြစ်သည်။
သူကျောင်းဆရာ မလုပ်ချင်သော်ငြား တကယ့်တကယ် ဆရာအဖြစ်သို့ရောက်လာချိန်တွင်တော့ တပည့်များအပေါ် မေတ္တာထားမိသည်က ဆန်းမနေပါ။သို့ပါသော်လည်း တစ်ဖက်ကတပည့်ဖြစ်သူမှာတော့ သူ့အပေါ်နွေးထွေးပေးသောဆရာရှောင်းအား အင်မတန်ခင်တွယ်မိနေပြီဖြစ်သည်။
စတွေ့ကတည်းက သူ့အားပြဿနာများမှ ကယ်ထုတ်ပေးခဲ့သလို အသက်ဘေးလည်း ဆရာရှောင်းကြောင့်ပင် နှစ်ခါတိတိကင်းခဲ့ရသည်။
ယခုလည်း သူ့ရှေ့တွင် ဘာဖြစ်ဖြစ်ကာကွယ်ပေးမည့် ဆရာရှောင်းပုံစံကြောင့် ရိပေါ်ကြောက်ရန်ပင် စိတ်ကလေးမရှိတော့ပါ။
ထိုအစား နွေးထွေးလုံခြုံမှုကအစားထိုးဝင်ရောက်လာသည်။
မိဘများက ပထမတံတိုင်းကြီးဆို ဒုတိယတံတိုင်းပမာ ဆရာသမား၏ မေတ္တာတရားက အလွန်နွေးထွေးလှပါ၏။ရှောင်းကျန့် အော်ပြောလိုက်ပြီးသည်နှင့် ဘာသံမကြားရတော့သောအခါ ကြောက်စိတ်ကင်းမှုများအကြားမှ ရိပေါ်သံသယပင်ဝင်သွားမိသည်။
ခုနက သရဲမအော်သံက ဆရာ့ကိုကြောက်၍ပဲတိတ်သွားသလား...ဒါမှမဟုတ်.. ဆရာ့ကိုများကြိုက်နေ၍ လိမ္မာလိုက်သလား..ဆိုတာ ရိပေါ် ခံပြင်းစွာတွေးနေမိသည်။
VOUS LISEZ
Mysterious House and Secret Love (ZhanYi)COMPLETE