16..ဘိုးဘေးပြောသော ဇာတ်လမ်းလေး(Uni Zawgyi)

1.9K 224 8
                                    

°• 16 •° (ဘိုးဘေးပြောတဲ့ ဇာတ်လမ်းလေး)

ရုတ်တရက်ကြီး လှမ်းဆွဲခံလိုက်ရ၍ တစ်ဖက်သို့လှိမ့်ချခံလိုက်ရစဥ် ရှောင်းကျန့်ဆွံ့အနေတုန်းပဲ ရိပေါ် ကုန်းထလာကာ ဘိုးဘေးတွေတန်းကြည့်လိုက်တော့သည်။

" အာ...? "

ဘာများမို့လို့ ဆရာရှောင်းက သူ့ကိုတားချင်ရသလဲဟုစဥ်းစားမိလိုက်သော်လည်း အချိန်မမှီတော့။ ဆရာရှောင်းအားတစ်ဖက်သို့လှိမ့်ချလိုက်ပြီး ကုန်းထ၍ကြည့်လိုက်ကာမှ ရိပေါ် မျက်လုံးတွေပြာနှမ်းသွားရသည်အထိ။

ရှောင်းကျန့်လည်း 'သွားပြီ' ဟု စိတ်ထဲမှ တ မိကာ အမြန်ပြန်ထ၍ ရိပေါ်မျက်လုံးများကို အနောက်ကအုပ်လိုက်လျက်..

" မင်းတိုးတိုးနေစမ်း သောက်ကလေး "

ရှောင်းကျန့်တစ်ယောက် တစ်ဖက်ကိုလှိမ့်ချခံလိုက်ရစဥ်က ခါးနာသွားသောကြောင့် ဒေါပွနေတာနဲ့ ယဥ်ယဥ်ကျေးကျေးပဲပြောဆိုလိုက်တာ အပြစ်တင်စရာမရှိ။
ရိပေါ်လည်း ဘာမှမပြောတော့ပဲ မျက်လုံးသာအမှိတ်ခံထားလိုက်သည်။

" အဘိုးဝမ်က ငါတို့ရှိနေတာကို ဘိုးဘေးရှောင်းကို မပြောဘူးလား..ဒါမှမဟုတ် မေ့သွားတာနဲ့တူတယ် "

ရှောင်းကျန့် တစ်ကိုယ်တော်တွေးနေရင်း ဘိုးဘေးနှစ်ယောက်အားစောင့်ကြည့်နေရသည်။
စိတ်တွေလည်းညစ်နေပြီဖြစ်ပြီး 'ဒီမှာလူတွေရှိသေးတယ်လေ' ဟု ထအော်ချင်သည့်စိတ်ကိုထိန်းထားရ၏။

ခဏနေမှ အဘိုးဝမ်တစ်ခုခုသတိရသွားသည့်ဟန်။
သူချက်ချင်းလွှတ်လိုက်ပြီး ဘိုးဘေးရှောင်းအား ထိတ်လန့်တကြားပြော၏။

" အာ..ကလေးတွေရှိသေးတယ် "

အဘိုးဝမ် နောက်ကိုလှည့်ကြည့်၍ ဘယ်ကြည့်ညာကြည့်နဲ့ ဘယ်သူမှကိုမတွေ့ပေ။

" ဘယ်ရောက်သွားကြတာလဲ "

အဘိုးဝမ် လိုက်ရှာနေတုန်း ဘိုးဘေးရှောင်းလည်း အံ့သြသွားရသည်။

" ဘာ..ကလေးတွေဒီမှာရှိနေတာလား "

" ဟုတ်တယ် ခုနကပဲ.."

အဘိုးဝမ် ပြန်စဥ်းစားကြည့်ရင်းပဲ မျက်နှာတစ်ပြင်လုံးနီသွား၏။
လက်စသတ်တော့ ကလေးတွေကရှောင်ပေးသွားတာလား ဘာလား။

Mysterious House and Secret Love (ZhanYi)COMPLETETempat cerita menjadi hidup. Temukan sekarang