✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘....🖤
'°• 38 •°´ (ထူးဆန်းသောအိပ်မက်)
မနက်ရောက်တော့ ရှောင်းကျန့်လည်း ကုမ္ပဏီသွားရန်ပြင်ဆင်ရင်း ရိပေါ်၏ဂရုတစိုက်ပြင်ဆင်ပေးခြင်းကို ကျေနပ်စွာခံယူနေ၏။
ချစ်သူလေးရွေးပေးသောဝတ်စုံကိုဝတ်ပြီး ကုမ္ပဏီသို့သွားရမှာ အရင်နေ့များကထက်ပိုပြီး လန်းဆန်းတက်ကြွလို့နေတာ မျက်နှာကိုမော့ပြီးတော့ကို လူကြားထဲလျှောက်လိုက်အုံးမှာ။ရိပေါ်ကိုယ်တိုင်ကတော့ ရှပ်အက်ျီလက်ရှည်အနက်ရောင်လေးဝတ်ကာ စတိုင်ဘောင်းဘီအကျပ်လေးဖြင့် တကယ်ကိုနတ်သားလေးတစ်ပါးလေးလိုဖြစ်နေပြီး ဖြူဖွေးသောအသားအရည်များပါထပ်ပေါင်းလိုက်လျှင် CEO နည်းပါးပင်။
ပိုက်ဆံကိုနံပါတ်တစ်ခုလိုပဲတန်ဖိုးထားသော ဘော်ကြော့သူဌေးသားလေးလိုလည်းဖြစ်နေပြန်သည်။
သို့သော် ဘယ်လိုပုံစံနှင့်တူနေပါစေအုံး လူအများရှိန်စရာမျက်နှာထားလေးကတော့ အသွေးအသားတွေတောင့်ခဲသွားလောက်သည်အထိ တည်ကြည်နေလွန်းပါပေသည်။ရှောင်းကျန့် ရိပေါ်လက်လေးကိုဆွဲယူပြီး အက်ျီလက်လေးအားတံတောင်အထိခေါက်တင်ပေးလိုက်သည်။ နှစ်ဖက်လုံးခေါက်တင်ပေးပြီးနောက် ကော်လံလေးအားသေချာပြင်ပေးလိုက်ရင်း ပြောလိုက်သည်။
" အခုတောင်လူကြီးလေးဖြစ်လာပြီ ဒီထက်လူကြီးလေးဖြစ်လာတဲ့ပုံရိပ်ကိုမြင်ချင်လိုက်တာကွာ.."
" မြင်ရတော့မှာပေါ့ ကျွန်တော်ကျောင်းပြီးတာနဲ့ ဝမ်လုပ်ငန်းတွေကိုဦးစီးတော့မှာလေ..
အဲ့ကျရင် ကောကောနဲ့အပြိုင်ချောလာစေရမယ် ဟဟ..."" ပြိုင်မှာလား ဒါဆိုကိုယ်အရင်ဆုံးအရှူံးပေးပါပြီ "
ပြုံးစိစိနဲ့ကျီစယ်လိုက်တော့ တစ်ဖက်ကချစ်သူလေးထံမှ လှောင်ရယ်သံလေးထွက်လာသည်။
ဒီနေ့ဘယ်လောက်တောင်ကြည့်ကောင်းနေလိုက်သလဲဟု သူ့ကောကောကိုရိပေါ်ကြည့်နေရာမှ မနေနိုင်သည့်အဆုံး နှုတ်ခမ်းလေးအားဖြတ်ခနဲနမ်းလိုက်တော့ ရှောင်းကျန့်မျက်ခုံးတွေပင့်တက်သွားရသည်။ သူ့ကိုစသောထိုကောင်လေးအား သူအလွတ်ပေးလိုက်မယ်ဆို ဒါတကယ်ကိုမိုက်မဲရာကျသွားမှာပေါ့။
ထို့ကြောင့် သူ့ရှေ့ကကောင်လေးအား ကျောမှနေလှမ်းဖက်လိုက်ကာ မိမိရင်ဘက်နှင့်တိုက်မိသည်အထိနီးကပ်စေလိုက်တော့ မျက်နှာနှစ်ခုပါတစ်ထပ်တည်းကျတော့မလိုဖြစ်သွားလေသည်။
ESTÁS LEYENDO
Mysterious House and Secret Love (ZhanYi)COMPLETE