21..အဘိုးဝမ်၏သံသယ(Uni Zawgyi)

1.8K 221 14
                                    

Uni
✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘....🖤

'°• 21 •°´ (ဘိုးဘေးဝမ်၏သံသယ)

အဘိုးဝမ်၏ဝိဥာဥ်ဝှစ်ခနဲဖြင့် ပြန်ရောက်လာသည်မှာ အိမ်တော်ဟောင်းရှိမိမိအခန်းဆောင်၌နားနေသော အဘိုးရှောင်းပင်လန့်သွားရသည်။
ဘိုးဘေးရှောင်းကတော့ နှစ်ပေါင်း၂၀၀ ကျော်နေသည့် ဝိဥာဥ်ကိုအနားပေးကာ အိမ်တော်မှာပဲ အချိန်ပြည့်လိုလိုအနားယူတတ်ပေမယ်လို့ ဘိုးဘေးဝမ်ကတော့ ကလေးတွေစီသာ ဘာစိတ်ကူးကြောင့်မှန်းမသိ သွားသွားနေတတ်သည်။

အခုလည်း မိုးပဲချုပ်နေပြီ.. ပြန်လာတော့လည်း ပုံစံကတစ်မျိုးထူးလျက်။
အရင်နေ့တွေကဆို ကလေးနှစ်ယောက်ကိုဘယ်လိုအားမရကြောင်း..ဆွဲစိပေးလိုက်ချင်​ကြောင်း..ကောင်းကင်ဘုံကအချစ်ရေးရာနတ်ဘုရားမဟုတ်လို့သာ သူ့မှာဘာမှမလုပ်နိုင်တာမျိုး။
ဘာလို့သဘောတူလဲဆိုတာတော့ အရှင်းကြီးသာ။
ဝမ်ရိပေါ်ကို အဘိုးဝမ်ဘယ်လောက်ပဲကြည့်မရဘူးပြောပြော သူ့ညီမရဲ့မျိုးဆက်လေးမို့ သူ့သွေးသားအရင်းကြီးဆိုတော့လည်း ချစ်လည်းချစ်၍ စိတ်ချမ်းသာစေချင်တယ်။
ထို့ပြင် ကလေးကဖြူစင်ပြီး အသည်းနှလုံးကအစသန့်ရှင်းနေတာ နှစ်ဆွေးလူပျိုကြီးနဲ့ဆိုရင် လိုက်ဖက်တာပေါ့။
အဖြူနဲ့အဖြူထက်တော့ ပိုမဖြူသွားပေဘူးလား။
အဘိုးဝမ် ဒါကြောင့်လည်း ဝမ်ရိပေါ်ရဲ့ ဘယ်လောက်ထိချစ်သည့်အချစ်အကြောင်းကို စာနာနားလည်နေ၍ ကြည့်မနေနိုင်ပဲ လိုက်ကူညီနေရခြင်း။

အဘိုးဝမ် သူ့ဆရာကိုလည်း ဝိုင်းကူပေးဖို့မပြောလိုပါ။
မိမိတောင်မှ ကံကောင်း၍ သူ့အချစ်ကိုခက်ခက်ခဲခဲရခဲ့သည်မဟုတ်လား။
ဒီတော့ သူကိုယ်တိုင်ပဲ ဝမ်ရိပေါ်ကိုကူညီပေးဖို့ကလွဲလို့ မတတ်နိုင်။

သို့သော် ဤကနေ့တော့ သူ့အတွက်အတော်ထူးဆန်းနေရသည်။
မဟားတရားအံ့သြလာရကာ မိမိမြစ်လေးကိုတောင်စိတ်မချဖြစ်လာရသည်။
သူဘာမြင်ခဲ့လဲဆိုတာ ခဏထား..လုံးဝကို သေချာတာက သူဝဋ်လည်တော့မှာများလားလို့။
မိမိသည် လူ့ဘဝတုန်းကရော ဝိဥာဥ်ဘဝထိပါ ဆရာဖြစ်သူရဲ့မျက်နှာလေးကိုမြင်တာနဲ့ ချစ်ခင်ကြင်နာချင်သည်။ အငွေ့အသက်လေးနဲ့တင်ရူးသွပ်ခဲ့ဖူးသည်။ ခန္ဓာတွေငှားပြီး ရှားရှားပါးပါးပထမဆုံးနမ်းခဲ့ဖူးတုန်းကလည်း ပြန်ကိုမလွှတ်ချင်ခဲ့တာ။
အဲ့အချိန်တုန်းကစိတ်က တငိုငိုတရယ်ရယ် ကလေးတစ်ယောက်လိုဖြစ်နေပေမယ့် နောက်ပိုင်းရက်တွေမှာ တောင့်တလာသူက ဆရာမဟုတ်ပဲ မိမိကိုယ်တိုင်ဖြစ်လို့နေခဲ့သည်။
ဝိဥာဥ်ချင်းထိတွေ့၍ရမှုကို ခဏတာအသုံးချကာ တောင်းဆိုခဲ့ဖူးသည်မှာ သုံးကြိမ်။

Mysterious House and Secret Love (ZhanYi)COMPLETEWhere stories live. Discover now