23..အောင်သွယ်တော်များ၏အလယ်(Uni Zawgyi)

1.8K 224 9
                                    

✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘....🖤

•°´23•°´ (အောင်သွယ်တော်များ၏အလယ်)

နောက်တစ်နေ့အရောက်..ရှောင်းပါး၏နှိုးဆော်မှုကြောင့် လက်စွပ် အတိုင်းသွားပေးကြရသည်။
ပြဿနာက စာလုံးပင်။

မနေ့ကလို ရိပေါ်ပြောသည့်အတိုင်း X နှင့် Y ကို ဆရာဖြစ်သူက X နှင့် W ဟု ပြောလိုက်သည်။
ဘာကြောင့်ဆို နာမည်အစများမဟုတ်လား။
ရိပေါ်ကအလိုမကျပေ။
ကိစ္စကတော့ X ဆိုတာ သူက ဆရာရှောင်းဟုသာခေါ်တာများပြီး ဆရာကျန့်ဟုမှမခေါ်တာ။
သို့သော် ဆရာကတော့ သူ့ကို 'ဝမ်' တတ်ပြီးမခေါ်ပဲ ရိပေါ်ဟုသာ တရင်းတနီးခေါ်သောကြောင့် Y ကိုသာ လိုချင်နေသည်လေ။
ချစ်သူတွေလည်းမဟုတ်တော့ ပူဆာရခက်နေတာမို့ ဆိုင်ရှင်ကိုသာသွားပြောလိုက်သည်။
ဆိုင်ရှင်က ပြောင်းပြီးမှတ်လိုက်မှ သူပြန်လာခဲ့သည်။
သို့သော် တစ်ခုပြောစရာကျန်ခဲ့လို့ဆိုပြီး ရှောင်းကျန့်ပြန်သွားပြန်သည်။
ထို့နောက် မှတ်ထားတာမှားနေတယ်ဟု ဆိုင်ရှင်ကိုပြန်ပြောပြီး X နဲ့ W ပြန်ပြင်လာခဲ့၏။
ဆိုင်ရှင်လည်းခေါင်းကုပ်ကာ ပြန်ပြောင်းမှတ်လိုက်ရသည်။

နောက်သုံးရက်လောက်နေတော့ လက်စွပ်ရလာ၍ ရှောင်းပါးက သူတို့နှစ်ယောက်စီပို့ပေးခဲ့သည်။
ဝမ်ရိပေါ် စာမေးပွဲပြီးတာနဲ့ စေ့စပ်ပေးမယ်ဖြစ်ကြောင်း ကြေညာချက်ပါပါလာ၍ လက်စွပ်ကိုသေချာသိမ်းထားရန်ပြော၏။
စာမေးပွဲပြီးမှဝတ်ရမည့်လက်စွပ်ကြောင့် နှစ်ယောက်သားသက်ပြင်းချရတော့သည်။
မဟုတ်ရင် ကျောင်းမှာကွက်ကွက်ကွင်းကွင်းကြေညာသလိုဖြစ်နေမှာလေ။

သို့သော် လက်စွပ်ထုတ်ကြည့်ကြည့်ကြချင်းမှာတော့ ကိစ္စကစပါတော့သည်။

" ကျွန်တော် X နဲ့ Y လို့ပြောခဲ့တာကို "

" မဟုတ်ဘူး..ငါ X နဲ့ W လို့ပြောခဲ့လိုက်တာ "

" အာ..မရဘူး X နဲ့ Y ပဲ..ဆရာက ကျွန်တော့်ကို ရိပေါ်လို့ခေါ်တာလေ "

" ဒါပေမယ့် ငါ့ကို X လို့ယူမှတော့ မင်းကိုလည်း W လို့ယူရမှာပေါ့..
ဒါမှမဟုတ် မင်း Y ယူချင်တယ်ဆို ငါ့ကို Z လို့ပြင်လိုက်လေ "

Mysterious House and Secret Love (ZhanYi)COMPLETEOù les histoires vivent. Découvrez maintenant