10...ကျွန်တော့်အတွက်ဆိုဟီးရိုး(Uni Zawgyi)

1.9K 245 13
                                    

✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘....🖤

°•..10..•° (ကျွန်တော့်အတွက်ဆို ဟီးရိုး)

မြွေကြီးတစ်ကောင်လိုက်လို့ ကျိုးချန်တို့သုံးယောက် အခန်းထဲပတ်ပြေးနေရမှ သူတို့နောက်တွင် ဘာသံမှမကြားရတော့သောကြောင့် နောက်လှည့်ကြည့်မိကြသည်။

ထိုအခါမှ မြွေကြီး၏ဦးတည်ရာပြောင်းသွားမှန်းသိသွားကြ၏။

မြွေကြက လိမ်ကျစ်ကာဖြင့် ရှောင်းကျန့်တို့ ဆရာတပည့်ရှေ့ ရောက်နေပြီဖြစ်သည်။

ရှောင်းကျန့်ကျောပေါ်တွင် ရိပေါ်ကိုပိုးထား၍ မြွေကြီးကတော့ သူတို့နှင့် ၅ပေတောင်ကွာမနေပေ။

မြွေကလည်းရေ ရိပေါ်စီ စူးစူးရဲရဲစိုက်ကြည့်နေသလို ရှောင်းကျန့်ကလည်း ထိုမြွေကြီးက အေးအေးစက်စက်ကြီးကြည့်နေလျက် အကြည့်တိုက်ပွဲဆင်နွှဲနေကြသည်။

ကျိုးချန်၊ ယွီပင်၊ ဖန်ရှင်းတို့မှာ လူနှစ်ယောက်နှင့်မြွေတစ်ကောင်မြင်ကွင်အား မကြုံစဖူး ကြောင်ကြောင်အမ်းအမ်းရပ်ကြည့်နေမိကြ၏။

ရှူး...ရှဲ...

မြွေကြီးသည် သူ၏ပစ်မှတ်အားဟန့်တားထားသော ရှောင်းကျန့်အား အလိုမကျစွာရန်တွေ့နေသည့်ဟန်။
ရှောင်းကျန့်ကလည်း ရိပေါ်အားကိုးချင်လောက်အောင် သတ္တိကတော့ပေါ့သေးသေးမဟုတ်။

မြွေကြီးဘက်မှလည်း ဒုတိယအကြိမ်တွေ့ဆုံလာရသော ရန်သူဟောင်းကြီးကို မရရအောင် ပေါက်သတ်တော့မည်ဟု ဆုံးဖြတ်ချက်ချထားပြီးသည့်ပုံပင်။

ထို​မြွေက ရှေ့သို့ရွေ့လာတာနှင့် ရှောင်းကျန့် မျက်ခုံးများတွန့်တွန့်ချိုးသွားရသည်။
ရိပေါ်လည်း ကျောပေါ်မှနေကာ ရှောင်းကျန့်လည်ပင်းကိုသာ အားကိုးတကြီးဖက်တွယ်ထားတော့သည်။

ဒီအတိုင်းသာ ရပ်နေကြမည်ဆို တစ်နေကုန်သွားမည်မှာအမှန်ပင်။
ထို့ကြောင့် မြွေကြိးနားလည်လည်မလည်လည် ရှောင်းကျန့်လည်း စကားစလိုက်၏။

" မင်းလူမှားနေပြီနော် "

သူစကားတစ်ခွန်းပြောလိုက်တော့ မြွေကြီးကနားလည်သည့်ပုံမပေါ်။
သို့ပါသော် ဒေါသရိပ်ကနည်းနည်းပြေသွားသလို။
ရှောင်းကျန့်လည်း ဆက်သာပြောလိုက်၏။

Mysterious House and Secret Love (ZhanYi)COMPLETEWhere stories live. Discover now