17..အချစ်အတွက် ဟင်းတစ်ခွက်(Uni Zawgyi)

1.9K 218 7
                                    

'°• 17 •°´ (အချစ်အတွက် ဟင်းတစ်ခွက်)

မနက်မိုးလင်းကတည်းက မီးဖိုချောင်ခန်းတွင် တဒေါင်ဒေါင်..တဒင်ဒင်..ဖြင့် သံစဉ်ပေါငမျိုးစုံက ဝမ်အိမ်တော်၏ နံနက်ခင်းကျက်သရေကိုဆောင်နေကာ သာယာနာပျော်ဖွယ်ဖြစ်နေသည်။
သစ်ပင်ပေါ်ကငှက်များပင် လန့်ပြေးကြရသည့်အထိပေါ့။

တစ်ဦးတည်းသောသားလေးမို့ ပါးပါးနဲ့မားမားအလိုလိုက်ထားကာမှ ဒီနေ့တွင်တော့ ထိုရင်နင့်သည်းချားသားလေးက ဘာစိတ်ကူးတွေပေါက်၍ပေလည်းတော့မသိ မီးဖိုချောင်ဝင်မယ်ဆို၍ မိဘများခွင့်ပြုလိုက်ကြကာ ဧည့်ခန်းမှာပဲ နားနှးစ်ဖက်ထဲဂွမ်းဆို့လျက် နေနေကြသည်။
အိုး၊ခွက်၊ပန်းကန်သံစဉ်များကိုတော့ နားမထောင်လိုကြပါ။

ဝမ်ရိပေါ် မီးဖိုချောင်ထဲဝင်သွားပြီဆိုသည့်အချိန်မှာတင် ဝမ်ပါးက အိမ်အကူအဒေါ်ကြီးအား မနက်ဖြန်ဆိုတာနဲ့ ပန်းကန်တွေ၊ အိုးတွေ အသစ်ဝယ်ရန် မှာပြီးသားပင်။
ဝမ်မားကလည်း အကူကောင်မလေးကို ဟင်းချက်စရာတွေ သွားဝယ်ခိုင်းထားလိုက်၍ လက်ရှိမီးဖိုချောင်ထဲမှ ပစ္စည်းမှန်သမျှကို သားလေးလက်ထဲပုံအပ်ထားကြသည်။
အိမ်ကြီးသာ မီးမလောင်ဖို့ပဲ ဆုတောင်းနေမိ၏။

မနက် ၇ နာရီလောက်ကတည်းက မီးဖိုချောင်ဝင်နေသော ဝမ်ရိပေါ်မှာ ဟင်းချက်ဝတ်စုံကြီးဖြင့် လက်နှစ်ဖက်တွင် ဇွန်းအကြီးကြီးများကိုင်ကာ touch မီးဖိုပေါ် ဒယ်အလတ်စားလေးတင်လျက် 'ကြက်ဥ' ကြော်နေပါသည်။

" ဟားဟားဟား..ရှောင်ဝမ်ရေ မင်းကြက်ဥကြော်နေတာ ၁၁၁လုံးရှိနေပြီထင်တယ် "

ချစ်လှစွာသောအဘိုးဝမ်က မနေ့ညကတော့ပြန်သွားပြီး ဒီနေ့မနက်အစောကြီးပြန်ရောက်ချလာသည်လေ။
ရိပေါ်ကို မီးဖိုချောင်စီအရောက်ခေါ်လာသော တရားခံ။

" ဘိုးဘေး..ကျွန်တော်ကြော်တာ ၁၁လုံပဲရှိသေးတာလေဗျာ..ဘယ်လိုလုပ် ၁တစ်လုံးကပိုသွားရတာလဲ "

" ၁၁၁ မပြောနဲ့ ကြက်ခြံကြီးကထွက်တဲ့ကြက်ဥတွေအကုန်လုံးကို ဒီနည်းအတိုင်းသာကြော်နေရင်တော့ မီးသွေးကတောင်အဖေခေါ်သွားနိုင်ကိန်းရှိတယ် "

Mysterious House and Secret Love (ZhanYi)COMPLETETahanan ng mga kuwento. Tumuklas ngayon