34..ကလေးရဲ့ကောကော၊ ဆရာ့ရဲ့ဝမ်ငယ်(Uni Zawgyi)

1.5K 162 0
                                    

Unicode
✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘...🖤

•°' 34 ´°•
(ကလေးရဲ့ကောကော၊ ဆရာ့ရဲ့ဝမ်ငယ်)

နောက်တစ်နေ့မနက်ရောက်မှ ရှောင်းကျန့်နှင့်ရိပေါ်နိုးလာကြကာ မျက်လုံးဖွင့်ဖွင့်ချင်းပဲမမျှော်လင့်သောအခြေအနေနှင့်ရင်ဆိုင်လိုက်ရသည်။

ဘိုးဘေးနှစ်ယောက်ဘေးနားထိုင်ကာ သူတို့ကိုသေချာကြည့်နေကြခြင်း။
ရုတ်တရက်မို့နှစ်ယောက်လုံးလန့်သွားရပြီးမှ ပြန်တည်ငြိမ်သွားကြသည်။

အဘိုးဝမ်ကတော့ ဆူပုတ်နေတဲ့မျက်နှာကြီးဖြင့်အဘိုးရှောင်းကိုကျောပေးထား၍သာ။
အဘိုးရှောင်းလည်း အခုချိန်မှာသူ့ကိုဂရုစိုက်မအားသေး။
ကလေးနှစ်ယောက်ကိုသာ စကားလှည့်ပြောလိုက်သည်။

" အိပ်တာလည်းအိပ်ပေါ့..နှိုးမရလောက်တဲ့အထိတော့မအိပ်ကြနဲ့လေ..တော်သေးတယ်မနေ့ညကမင်းတို့ပြောင်းပြန်တွေဖြစ်တော့မလို့ "

ဟိုနှစ်ယောက်နားလည်မလည်တော့မသိ အဘိုးဝမ်က ပတ်ခနဲဝင်ပြောလိုက်၏။

" ဆရာတော်တော့နော်..ဆရာကကျွန်တော့်ကိုမချစ်ဘူး သူတို့ကိုပိုချစ်တာ "

" ဝမ်ငယ်..မင်းဘာဖြစ်နေတာလဲ ဒါငါတို့မြေးမြစ်တွေပဲလေ..ဘာတွေသဝန်တိုနေတာလဲကွာ "

" မဟုတ်လို့လား ကျွန်တော့်ကိုချစ်ရင် လိုက်လျောရမှာပေါ့..ဆရာကသူတို့ကိုပိုချစ်လို့မလိုက်လျောတာပဲ "

အဘိုးဝမ်ဒေါသထွက်နေပါ၏။
မနေ့ညကဘယ်လိုတောင်းပန်ပန် အဘိုးရှောင်းမလိုက်လျောခဲ့။
ဘာလို့ဆိုလူကြီးတွေဖြစ်ပါလျက်နဲ့ ကလေးတွေကိုဒုက္ခမပေးချင်။
သူတို့လက်ခံမခံမသိပဲနဲ့ ခန္ဓာကိုယ်ထဲဝင်လိုက်ရမှာ အဘိုးရှောင်းဝန်လေးသည်။
ထို့အပြင် သူကလည်းရှောင်းကျန့်ကိုယ်ထဲသာဝင်လို့ရ၍ အဘိုးဝမ်ကလည်းရိပေါ်ကိုယ်ထဲသာဝင်လို့ရသောကြောင့် ပိုလို့တောင်ဆိုးပေ၏။
အဘိုးရှောင်းလည်း မျိုးချစ်စိတ်တော့ရှိသေးပါသည်။
သူ့မှဝမ်ငယ့်ကြောင့် မတတ်သာပဲလိုက်လျောပေးခဲ့သမျှ ရှောင်ရှောင်းကရှောင်ဝမ်ကိုပြန်လိုက်လျောခိုင်းလို့ရနေတာကို..ပြောရမယ်ဆို တစ်ဂိုးတစ်ဂိုးပဲလေ။
ဝမ်ငယ်နဲ့သူ..ရှောင်ရှောင်းနဲ့ရှောင်ဝမ်..
လိုက်ဖက်နေတာပဲမဟုတ်လား။
အဘိုးပေးရတဲ့သူကရှောင်ရှောင်း..မြစ်ပေးရတဲ့သူကဝမ်ငယ်.. နှစ်တွဲစလုံးသရေပဲ။

Mysterious House and Secret Love (ZhanYi)COMPLETETempat cerita menjadi hidup. Temukan sekarang