49 Final (Uni Zawgyi)

2.5K 167 11
                                    

Unicode

✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘....🖤

'°•49•°´ (အချိုမြိန်ဆုံးသောဘဝလေး)

အချိန်တွေဟာတရွေ့ရွေ့နဲ့ပဲကုန်ဆုံးသည်မှာမြန်လွန်းလှသည်။
ရှောင်ဝမ်နဲ့အားကျန့်တို့လည်း အလယ်တန်းတောင်ရောက်လာခဲ့ပြီဖြစ်ပြီး တပူးပူးတတွဲတွဲဖြင့်သာ။
အငယ်ကောင်လေးရှောင်းယွမ်ကတော့ ၆နှစ်ပင်ပြည့်ခဲ့ပြီ။
ရှောင်ယွမ်လေးကလည်းတအားချစ်ဖို့ကောင်း အနေအေးတဲ့ကလေးလေးတစ်ယောက်ဖြစ်သည်။
သူ့အစ်ကိုရှောင်းဝမ်နဲ့သူနဲ့တခြားစီပင်။
ရှောင်းဝမ်ကပျော်ပျော်နေတတ်ပြီး နေရာတကာလိုက်ပါတတ်ပေမယ့် ရှောင်းယွမ်ကတော့ တစ်ဦးတည်းသာနေတတ်ပြီးအနေအေးသည့်ကလေးမျိုး။

ကလေးတွေလည်းရောက်သင့်သလောက်အရွယ်ရောက်လာပြီမို့ သားကြီးရောသားငယ်ရောကိုရှောင်းအိမ်တော်မှာပဲထားထားကြကာ ပါပါးနှစ်ယောက်ကတော့သူတို့ရဲ့တိုက်ခန်းကျယ်လေးမှာပဲ နှစ်ယောက်တစ်ကမ္ဘာနေကြလေသည်။
နှစ်ယောက်တစ်ကမ္ဘာဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှလုပ်ငန်းတွေကလည်းတိုးတက်နှုန်းတိုးလာခဲ့သလို အချိန်စေ့ပင်အလုပ်ကိစ္စကြီးငယ်တို့ဖြင့် ရှုပ်နေရသည်။
သူတို့မှာ စိတ်နှစ်ကိုယ်နှစ်အားလပ်ရပ်လေးဆိုလို့ တစ်လမှာလေးရက်တောင်မရှိ။

'အပင်မြင့်လေ လေတိုက်လေ' ဆိုသည်က ဘဝမျိုးစုံတွင်သက်ရောက်နေသောအမှန်တရားကြီးဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်ကြီးနှစ်ဦး ဘယ်လောက်ပဲအောင်မြင်နေပါစေအုံး အချို့ကဘာမဟုတ်သည့်အားနည်းချက်ကိုပစ်တင်ဝေဖန်ကြသည်။
ဥပမာ သူတို့နှစ်ယောက်ရဲ့ဆက်နွယ်ပတ်သက်ပုံ relationship တစ်ခုအား မနာလိုသူများကဝေဖန်ပြစ်တင်ကြခြင်းပဲ။
အပြစ်မရှိအပြစ်ရှာဟုဆိုသလိုပဲ လူတွေကတကယ်ကိုခက်လှသည့် လောကပုစ္ဆာကြီးပင်။

ထိပ်သီးကုမ္ပဏီကြီးတစ်ခုရဲ့ Boss နှစ်​ယောက်ဟာဆိုရင်ဖြင့် အတည်တကျဆက်ဆံရေးရှိတဲ့အပြင် ကလေးနှစ်ယောက်ပါရှိလိုက်သေးတယ်ဆိုတော့ အစကတည်းကပြစ်တင်ဝေဖန်ချင်နေတဲ့သူများအတွက် အခွင့်အရေးကြီးလိုဖြစ်နေသည်။
ဒီအချက်လေးကိုပဲဗွေယူနေကြပြီး ယောက်ျားသိက္ခာကိုထိပါးစော်ကားသည့်အပြင် ရှုံ့ချကြသည်။

Mysterious House and Secret Love (ZhanYi)COMPLETEDonde viven las historias. Descúbrelo ahora