38..ဘိုးဘေးများနှင့်နှုတ်ဆက်ချိန်(Uni Zawgyi)

1.1K 144 6
                                    

Unicode
✧𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝑯𝒐𝒖𝒔𝒆 𝒂𝒏𝒅 𝑺𝒆𝒄𝒓𝒆𝒕 𝑳𝒐𝒗𝒆𖣘....🖤

'°•38•°´(ဘိုးဘေးများနှင့်နှုတ်ဆက်ချိန်)

မကြာမီပဲနှစ်သစ်ကူးသို့ရောက်ရှိလာ၍ ရှောင်းအိမ်တော်၌ မိသားစုနှစ်စုလုံးစုံလင်စွာရောက်ရှိနေကြပြီး နှစ်သစ်ကူးပွဲတော်ကိုပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြသည်။

နှစ်ဖက်အမျိုးတွေကြားမှာတော့ တစ်ယောက်အနားတစ်ယောက်ရစ်ဝဲနေကြသော သခင်လေးနှစ်ယောက်မှာ အထင်းဆုံးဖြစ်နေလျက် အလိုက်ဖက်ဆုံးစုံတွဲလေးဖြစ်လို့နေသည်။
ရှောင်းကျန့်လက်ထဲမှဝိုင်အနီရောင်ဖန်ခွက်လေးကို ရိပေါ်လိုက်လုသောက်နေကာ နှစ်ယောက်သားကျီစယ်လို့နေကြသည်မှာ မြင်သူတိုင်းမနာလိုစရာစုံတွဲပင်။
အမျိုးများကြားတွင်သာဖြစ်သောကြောင့် သူတို့အားသဘောကျအားကျနေကြသောသူများသာ မျက်လုံးအဝိုင်းသားဖြင့်ငေးနေလျက်ရှိကြသည်။

ရှောင်းပါးနဲ့မားလည်းဝမ်ပါးနဲ့မားနှင့်အတူ စကားတွေဖောင်ဖွဲ့အောင်ပြောနေကြ၏။
အဖိုးကျန်းလည်းရောက်နေကာ ကျိရန်ရော အဘွားပါပွဲသို့တက်ရောက်လာပြီး မိသားစုတွေပျော်ရွှင်ကြလျက်ပင်။
ရှောင်းမိသားစုနဲ့ဝမ်မိသားစုရဲ့ဆက်နွယ်မှုကိုတော့ ဆွေမျိုးများအားလုံးရော အချို့ရင်းနှီးသည့်သူများပါသိရှိနေပြီဖြစ်ကြ၍ အမြန်ဆုံးလက်ထပ်ကြဖို့တောင် ရှောင်းကျန့်နှင့်ရိပေါ်အား အားပေးကြလေသည်။

မိသားစုပွဲလေးမို့ ကျိရန်ကတော့ဟောက်ရွှမ်းနဲ့အတူမရှိနိုင်၍ပျင်းရိနေပုံပေါ်ကာ ဝိုင်ချည်းသာသောက်နေလေ၏။
နောက်ဆုံးသူလည်းပျင်းလာ၍ လူကြီးတွေစီတစ်ခုခုသွားပြောကာအပြင်ထွက်ရန်ပြင်လိုက်သည်။
ထိုစဥ်ဟိုစုံတွဲနဲ့ပက်ပင်းတိုးတော့၏။

" ဟေး..ကျိရန် ပွဲမပြီးသေးဘူးလေ ဘယ်သွားမလို့လဲ "

" ဟောက်ရွှမ်းခေါ်လို့ "

ရှောင်းကျန့်နှင့်ရိပေါ်အကြည့်ချင်းဖလှယ်လိုက်မိသည်။

" ကျိရန်ကော..ကျွန်တော်တို့လိုက်ပို့ပေးရမလား "

" ရတယ် ကားပါတယ် "

" ဒါဆိုရင်တော့ ဟောက်ရွှမ်းကိုနှစ်သစ်ကူးလက်ဆောင်လေးပေးပေးပါလား "

Mysterious House and Secret Love (ZhanYi)COMPLETETahanan ng mga kuwento. Tumuklas ngayon