5..(ဧည့်သည်တော်များအား ဧည့်ခံခြင်း) Uni Zawgyi

1.9K 253 5
                                    

~•~.5.~•~(ဧည့်သည်တော်များအား ဧည့်ခံခြင်း)

မိုးတွင်းမို့မိုးရွာသည်က အထူးအဆန်းဟုတ်မနေသော်လည်း ကားလမ်းတစ်လျှောက် မှုန်ဝါးလာသောမြင်ကွင်းများကြောင့် အရှိန်ကိုလျှော့လိုက်ရသည်။

လမ်းတစ်ဝက်ရောက်မှရွာသောမိုးကို ရိပေါ်အလိုမကျစွာ မေတ္တာပွားနေလေရဲ့။
ရိပေါ်ကားမောင်းရင်း မိုးရေများကြောင့် ကားလမ်းကမြင်ကွင်းများဝေဝါးနေသည့်ကြားက ညအချိန်လည်းဖြစ်နေတာမို့ လိုရာခရီးသို့ အလိုရှိတိုင်းမရောက်နိုင်ဖြစ်နေသည်။

ခဏအကြာမှာ မိုးကအတော်သည်းလာသည်မို့ အမြင်အာရုံဘယ်လောက်ကောင်းကောင်း ကားရှေ့၁၀ပေအကွာကိုတောင် ကောင်းကောင်းမြင်ရမည်မဟုတ်တော့ပေ။
လိပ်အလျင်နှင့်သွားနေသောကားနှင့် ယုန်ထက်မြန်ချင်နေသော ကားပိုင်ရှင်၏စိတ်အခြေအနေမှာ လွန်စွာကွဲပြားလျက်ရှိသည်။

ရိပေါ် သူ့ဘေးကိုကြည့်မိတော့ ဖုန်းဂိမ်းအေးဆေးဆော့နေသောဟောက်ရွှမ်း။
အနောက်ခန်းမှာတော့ မတရားအိပ်မောကျနေသော ယွီပင်နဲ့ အပြင်ကိုငေးနေသော ဖန်ရှင်းကိုတွေ့ရသည်။

" ပေါ်ကြီးရ..မိုးကတော်တော်သဲနေတာပဲ "

ဖန်ရှင်း အပြင်ကိုသေချာကြည့်ရင်း သူတွေ့သောအ​ခြေအနေကိုပြောပြလိုက်သည်။
ဆက်ပြောလာ၏။

" မိုးကကုန်တယ်လို့တောင်ပြောလို့ရနေပြီကို ဘာလို့ရွာနေသေးလဲမသိဘူး "

ရိပေါ် ကားမောင်းနေရင်း ဖန်ရှင်းစကားများကို အင်း ဟုသာ တုန့်ပြန်လိုက်သည်။

ထိုစဥ်ကားကိုဂရုစိုက်မောင်းနေတုန်း မိုးအများအတိဖုံးနေသော ကားလမ်းမတွင် လူတစ်ယောက်ကျောပေးရပ်နေသည်ကိုတွေ့လိုက်ရသည်။

ရိပေါ် ကားကို ချက်ချင်းဘရိတ်အုပ်လိုက်သည်။
ဟောက်ရွှမ်းနှင့် ဖန်ရှင်းတောင် ယိုင်သွားကာ မနည်းထိန်းလိုက်ရ၏။

" ဟျောင့် ပေါ်ကြီး ဘာဖြစ်တာလဲ "

" လူတွေ့လို့ "

ရိပေါ် ဟောက်ရွှမ်းဘက်လှည့်ကာပြောလာတော့ ဖန်ရှင်းရောဟောက်ရွှမ်းပါ ကားအပြင်ကို ဝိုင်းကြည့်လိုက်ကြသည်။

Mysterious House and Secret Love (ZhanYi)COMPLETEOù les histoires vivent. Découvrez maintenant