part(3)

1.1K 99 1
                                    

"မင်းသားလေး ရှောင်းကျန့် သက်တော်ရာက်ေရှည်ပါစေ"

မွေးနေ့မှာ ဆုတောင်းပေးကျတဲ့ ဟုန်ချန်းရဲ့ဂဋုန်ပြည်သူပြည်သားများ ဂဋုန်မင်းသားလေး ရှောင်းကျန့်က တော့ မျက်နှာထက်အပြုံးပန်းတွေ ဝေဆာနေလျက်ပင်

"သားတော်လေး မွေးနေ့မှာ ပျော်ရွှင်ရဲ့လား"

"ပျော်ရွှင်ပါတယ်ခမည်းတော် ကျေးဇူးတင်ပါတယ်"

"သားတော်လေး ပျော်ရွှင်တယ်ဆိုခမည်းတော်လည်းကျေနပ်ပါတယ်ကွယ် ရော့ဒါလေးကို ဆွဲထား"

လည်ပင်းမှာဝတ်ဆွဲပေးလိုက်တဲ့ ကျောက်တလုံးနဲ့ ဆွဲကြိုးလေး

"ဒါလေးကိုအမြဲဆောင်ထား အန္တာရာယ်ကင်းတယ် မချွတ်ရဘူးနော် ဒီကျောက်က ရှားပါးကျောက်ဖြစ်သလို အစွမ်းလည်းကြီးတယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ ခမည်းတော်"

ရှောင်းကျန့် ဆွဲကြိုးလေးကို ကိုင်ရင်းပြောလိုက်သည်

"သားတော်ခမည်းတော်ပေးထားတဲ့ လည်ဆွဲကိုမ ပျောက်စေနဲ့ နော် ပြီးတော့မွေးနေ့မှာပျော်ရွှင်ပါစေ ကလေးငယ်"

"ဟုတ်ကဲ့ပါမယ်တော် "

ဘယ်မိဘမဆို ကိုယ့်သားသမီးဘယ်အရွ
်ရောက်နေပါစေ မျက်စိထဲမှာက လေးလိုပင် ရှောင်းကျန့်ဟာလည်းသူမနှစ်ပါးရဲ့ မျက်စိအောက်မှာ ပီတိက လေးသဖွယ်ပင်

ဂဋုန်အရှင်၏အမိန့် ကြောင့် ဟုန်ချန်းရှိ ဂဋုန်အ ပေါင်းဟာ ပျော်ရွှင်စရာစားသောက်ပွဲတော်ကြီးကိုစည်ကားစွာကျင်းပလျက် ရှိနေကျသည်

ဂဋုန်ပျိုမယ်လေးတွေရဲ့ အကအလှနဲ့ တေးဂီတသံစဉ်တွေကြား အားလုံးဟာ ပျော်ရွှင်နေကျလျက်

မွေးနေ့ရှင်လေးဟာလည်း မျက်နှာထက်အပြုံးပန်းတို့ ပွင့်သထက်ပွင့်နေလျက်ပင်~~

:
:
:

"အားလီ ငါအပြင်သွားချင်တယ်"

"မင်းသားလေး ဘယ်သွားဦးမလို့လဲ "

"ရှင်လော့ရဲ့တဖက်ကမ်းကိုသွားကျမယ်လေ"

"အန္တရာယ်များပါတယ် မင်းသားလေး"

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now