part(38)

1K 73 2
                                    

မနက်ခင်းတခါ သောင်းကျန်းထားလို့ ခုချိန်ထိ ပြန်အိပ်ပျော်နေဆဲ ရှောင်းကျန့် ဝမ်ရိပေါ်က ရှောင်းကျန့်အားသန့်စင်ပေးပြီးကာ သားတော်၂ပါးရှိရာသို့ သွားလေပြီ

အခုနန်းဆောင်ထဲတွင် ရှောင်းကျန့် တစ်ယောက်ထဲသာ

နန်းဆောင်ထဲ တစ်ရွေ့ရွေ့ကပ်လာတဲ့ အရိပ်တခု

"ဒီပွဲမှာသေရမယ့်လူက နင်ပဲရှောင်းကျန့်"

ယုချီကိုင်ထားတဲ့ဓားမြှောင်ကို လက်က ကိုင်မြှောက်လိုက်ချိန်တွင် သူမလက်အား ဖမ်းကိုင်လိုက်တဲ့ လက်တစုံ

"ဒွေး ဒွေးတော်"

နင်ငါနဲ့လိုက်ခဲ့"

သူမအား အပြင်ဘက်တစ်နေရာကို ဆွဲခေါ်သွားသည် လူသူမရှိတဲ့ နေရာကိုရောက်တော့

ဖြောင်းး

"အာ့ ဒွေးတော်"

"နင်ဘလိုမိုက်ရူးရဲဆန်တဲ့ အလုပ်ကိုလုပ်နေတာလည်း "

"ဒွေးတော် ယု"

"ရှောင်းကျန့် ကိုသတ်လို့ နင်ရိပေါ်ရမယ်ထင်နေလား "

"ဒွေးတော်အခု ရှောင်းကျန့်ကိုလက်ခံလိုက်တာလား သူ့ကိုမမုန်းတော့ဘူးလား"

"မုန်းတာပေါ့ သိပ်ကိုမုန်းတယ် နင်မုန်းတာထက်ကိုငါပိုမုန်းတယ် ငါကမ္ဘာပေါ်မှာအမုန်းဆုံးက ရှောင်းကျန့်ပဲဒါမယ့်ငါသူ့ကိုရိပေါ်နဲ့မခွဲပစ်တော့ဖို့ဆုံးဖြတ်ထားတယ်"

"ဘာလို့လဲ"

"ငါရိပေါ်ကိုမနာကျင်စေချင်လို့ပေါ့ ရိပေါ်က ငါ့ကိုယ်တိုင်မွေးထားရတာမဟုတ်ပေမယ့် ငါ့အချစ်ဆုံးအမတော်ရဲ့သားပါ ငါရိပေါ်အတွက် ငါ့ဘဝတခုလုံးမြှုပ်နှံထားခဲ့တာ နင်ကြားဖူးလား လာကမှာဘယ်မိဘကမှ သားသမီးကိုမနိုင်ဘူးတဲ့ သားသမီးစိတ်ဆင်းရဲနေတာကိုဘယ်လိုမိဘကမှ လက်ပိုက်ကြည့်မ နေနိုင်ဘူး ငါက ရှောင်းကျန့်ကို သေ လောက်အောင်မုန်းနေ ပေမယ့် ရိပေါ်က တော့အရှုးအမူးကိုချစ်နေတယ် ရှောင်းကျန့်ကို သူနဲ့ခွဲပစ်လိုက်လို့ ဒီငါးနှစ်အတွင်းသူငါ့ကိုဘယ်လိုဆက်ဆံခဲ့လဲ အမြဲ ငါ့ကိုပဲ အ လေးထားပါတယ်ဆိုတဲ့ရိပေါ်က ရှောင်းကျန့် ကြောင့်အပြုအမူတွေ အေးစက်စိမ်းကားလာတယ် ရှောင်းကျန့်သာဒီပြန်မ ရောက်လာဘူးဆိုရင်ဒီထက်ပိုပြီး အေးစက်သွားမှာပဲ စိမ်းကားသွားမှာပဲ ရှောင်းကျန့် ရောက်လာတာနဲ့ရိပေါ်အပြုအမူတွေက လုံးဝ ပြောင်းလဲသွားတယ် နင်တွေ့တဲ့အတိုင်းပဲလေ ဒီတခါ သူတို့ကိုငါက ထပ်ခွဲလိုက်ရင် ငါ့ကိုရိပေါ်က မုန်းတီးသွားလိမ့်မယ် ငါဒီလိုအဖြစ်မခံနိုင်ဘူး "

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now