ဇာတ်သိမ်းပိုင်း

1.8K 93 3
                                    

ခြောက်လ ကြာသော်အခါ~~~

"အာ့ ကျွတ်!"

နေ့ခင်းဘက်မှာရှောင်းကျန့်  ခနအိပ်နေရင်း ဗိုက်ထဲက တဆစ်ဆစ်နာလာသည် ဟိုဘက်ဒီဘက်လှည့်ကာဟဗိုက်လုံးလုံးလေး ကိုပွတ်လိုက်တော့ ခမ သက်သာသွားသည် ဒါပေမယ့် သိပ်မကြာဘူး ပြန်နာလာပြန်သည်

"အာ့ အင်းးး"

"ရှောင်းကျန့်ဘာဖြစ်တာလည်း"

သူ့အသံကြားလို့ ထင်တယ် ရှားစစ်က မေးသည်

"ဘာဖြစ်တာလဲ ဗိုက်နာလို့လား"

"အာ့ ဟုတ်တယ်"

"အပြင်မှာဘယ်သူရှိ နတ်ဆေးဆရာသွားခေါ်လာခဲ့"

နတ်ဆေးဆရာရောက်လာတော့ ရှောင်းကျန့်ကိုစမ်းသပ်စစ်ဆေးလေသည်

"သူမွေးတော့မှာလား"

"ကျတော်စမ်းသပ်ကြည့်သ လောက်တော့ မ မွေးသေးပါဘူး ဒါမယ့် ဒီည ဒါမှမုတ်မနက်ဖြန်မနက်စောပိုင်းလောက်မွေးဖို့ များပါတယ် အဲ့အချိန်မတိုင်ခင်တော့ နာတာမျိုးဖြစ်နိုင်ပါတယ်"

"ကောင်းပြီ ဒါဆို မင်းဘယ်မှ မသွားနဲ့ ဒီမှာပဲ စောင့်နေ ပေး"

"ကောင်းပါပြီ"

ရှောင်းကျန့်မှာ ခနလေး သက်သာသွားလိုက် ပြီးရင်ပြန်နာလာလိုက်နှင့် အ တော်လေးပင်ပန်းရသည်

ဒီလိုအချိန်မျိုးမှာ အရှင်သာအနားမှာရှိရင် သိပ်ကောင်းမှာပဲ အရှင့်ကိုသိပ်သတိရတာပဲ အရှင်က တော့ ကျတော့်ကိုမုန်းနေမှာပေါ့

ဝမ်ရိပေါ်ဟာ ခြောက်လလုံး သူအမြဲ အတွင်းအားလေ့ကျင့်ရာ နေရာတွင်သာနေ လေသည် ဘယ်သူတဦးတစ်ယောက်ကိုမှ ပေးမဝင်ပဲ သူတစ်ယောက်ထဲ ခြောက်လတိုင် အတွင်းအားလေ့ကျင့်နေခဲ့သည် အခုဆိုအရင်ကထက်ပင်ပိုတဲ့ စွမ်းအားတွေဝမ်ရိပေါ်ဆီမှာရှိနေပြီဖြစ်သည်ရှောင်းကျန့် ကိုသူပြန်ခေါ်ဖို့ အချိန်တန်ပြီ

မျက်နှာပေါ်က မုတ်ဆိတ်ပါးသိုင်းတွေကြိ ဝမ်ရိပေါ် ဖယ်ရှားရှင်းလင်းပစ်ကာ ခန္ဓာကိုယ်ကိုသန့်စင်လိုက်သည် ပြီးနောက်အဝတ်အစား အသစ်လှဲလှယ်ကာ ခြောက်လတိုင် နေထိုင်ခဲ့တဲ့ သူ့ရဲ့အတွင်းအားလေ့ကျင့်ရာနေရာမှ ထွက်လာခဲ့သည်

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now