part(32)

860 73 6
                                    

ရှောင်းကျန့် က အခုချိန်မှာ မင်းကြီးဟန်ဖုန်ဝေ့ရဲ့ တရားဝင်ကြင်ယာတော်မိဖုရားတစ်ပါးဖြစ်ခဲ့လေပြီ မင်္ဂလာပွဲလည်းအကျဉ်းရုံးပြုလုပ်ခဲ့သည် အမတ်တွေကလည်းကန့်ကွက်ခြင်းမရှိခဲ့ပေ အရာအားလုံးအဆင်ပြေ ချောမွေ့ခဲ့ရပါသည်

ဒါမယ့်လောလောဆယ်တော့ အဆင်မ ပြေ ဒီညက မင်္ဂလာဦးည ရှောင်းကျန့် ကုတင်ပေါ်ထျုင်နေပြီး ဘာလုပ်ရမှန်းမသိ ပေ လက်တွေကလည်းတုန်ရီနေသည် ရင်တွေလဲတလှပ်လှပ်ပင်

ကျွီ~~

နန်းဆောင်တံခါးပွင့်လာသည် မင်းကြီးဝင်လာပြီထင်တယ် သူဘာလုပ်ရမလဲ ရင်တုန်ရလွန်းလို့
သေ တော့မှာပဲ

မျက်နှာပေါ်ကပုဝါစ ကိုဖယ်လိုက်တော့ ရဲရဲနီနေတဲ့ မျက်နှာလေး

ဝေ့ရင်းမင်းကတကယ့်ကိုချစ်ဖို့ကောင်းတယ်

"မင်းကိုပိုင်ဆိုင်ခွင့်ရလို့ ကိုယ်ဝမ်းသာမိတယ် ဝေ့ရင်း"

ရှောင်းကျန့် နဖူးလေးကို နမ်းလိုက်တော့  ရှောင်းကျန့် ကိုယ်လေးတချက်တုန်တက်သွားရသည်

"မင်းစိတ်ချပါ ကိုယ်ထာဝရမင်းကိုချစ်သွားမှာပါ မင်းတစ်ယောက်ထဲကိုပဲ ချစ်သွားမှာ မင်းမျက်နှာတချက်မငြိုငြင်စေရဘူး မင်းတဘဝလုံးပျော်ရွှင်စေရမယ်လို့ ကိုယ်ကတိပေးပါတယ်"

ရှောင်းကျန့် နှုတ်ခမ်းကိုထိရုံလေးနမ်းသည်

ပြီးတော့ရှောင်းကျန့် ကိုယ်လုံးလေးကို ကုတင်ပေါ် ဖြေးဖြေးချင်းချ လိုက်သည်

သူက ကိုယ့်နဲ့လက်ထပ်လိုက်ပြီဆိုတော့လည်းရှောင်းကျန့် လည်းမတတ်နိုင်ပေ ငြိမ်ငြိမ်လေးသာအလိုကသင့်လေး နေ နေလိုက်သည်

မင်းကြီးကို ရှောင်းကျန့်ပါးနုနုကိုနစ်ဝင်မတတ်နမ်းပြီး

"ကိုယ်မင်းကိုသိပ်ချစ်တယ် ချစ်တယ်ဆိုတာထက်ကိုမြတ်နိုးပြီးတန်ဖိုးထားတယ်"

ရှောင်းကျန့် ဝတ်ရုံကိုသူတလွှာချင်းချွတ်နေသည် ရှောင်းကျန့်နှုတ်ခမ်းကိုသာဖိကိုက်ထားမိသည် သူလက်တွေက ရှောင်းကျန့်ခန္ဓာကိုယ်ပေါ်ပြေးလွှားနေပြီး တချက်တချက် လည်တိုင်ကိုလာနမ်းသည် အခုဆိုဝတ်ရုံပါးလေးတထည်သာရှောင်းကျန့်ဆီမှာ ကျန်တော့သည် သူ့ခြေ ထောက်ကိုလာကိုင်တဲ့ မင်းကြီး ကြောင့် အခုဘယ်အဆင့်ကိုသွားတော့မယ်ဆိုတာသိလိုက်ပြီမို့ မျက်လုံးကိုမှိတ်ထားလိုက်လေသည်

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now