ဂဠုန်မင်းကျရှုံးသွားပြီဆိုတော့ ဟုန်ချန်းရောရှင်လော့ပါ နဂါးမင်းဝမ်ရိပေါ်၏အပိုင်သာ
ရှင်လော့ရဲ့ ပျက်စီးဟောင်းနွမ်းနေတဲ့ နန်းတော်ကို ဝမ်ရိပေါ် ဝေ့ဝဲကြည့်လိုက်သည်
"ရှင်လော့ မင်းရဲ့အရှင်သခင် ခုရောက်လာပါပြီ"
ဝမ်ရိပေါ်မိမိအစွမ်းတွေ ထုတ်ကာ နန်းတော်ကိုအသစ်ကစ ပြန်လည်ပြုပြင်မွမ်းမံလိုက်လေသည်
ခမ်းနားတောက်ပသွားတဲ့ရှင်လော့ရဲ့နန်းတော်
နန်းတော်ထဲ တလှမ်းချင်းစီ အိနြေ္ဒရစွာဝင်လာတဲ့နဂါးမင်းဝမ်ရိပေါ်သည် တည်ကြည်ခန့်ညားကာ တုနှိုင်းစရာမရှိ ချောမောလှသည်
တချိန်က မိမိ၏ခမည်းတော်စံမြန်းရာရာဇပလ္လင်ကိုကြည့်ကာသက်ပြင်းတချက်ချမိသည်
"သားတော် တာဝန်ကျေတယ်မလား ခမည်းတော်"
"တာဝန်ကျေပါတယ်ကွယ်!"
"ဒွေးတော်"
"တာဝန်ကျေတာထက်ကိုပိုပါတယ် အခုတော့ ဂဠုန်ကိုနိုင်တဲ့နဂါးမင်း ထွက်ပေါ်လာခဲ့ပြီ "
"ဒွေးတော်နဲ့ကိုယ်ရံတော်လုအကူအညီမပါရင်ဖြစ်မလာနိုင်ပါဘူး နှစ်ယောက်လုံးကိုကျေးဇူးတင်ပါတယ်"
ဒွေးတော်နှင့်ဘေးတွင်ပါလာသောကိုယ်ရံတော်လုကိုပါ ရိပေါ်ပြောလိုက်သည်
"အမတော်! ရန်ကိုယ်တိုင် ပြုစုစောင့်ရှောက်ခှဲုတဲ့က လေးငယ်လေးက အမတော်နဲ့အရှငိ့အတွက်သွေးကြွေးဆပ်ပေးနိုင်ခဲ့ပြီ ဂဠုန်မင်းကိုသုတ်သင်နိုင်ခဲ့ပြီ အခုဆို ရှင်လော့ရဲ့အရှင်တစ်ပါးဖြစ်လာခဲ့ပြီ"
အမတော်ကိုတမ်းတ ပြောရင်း ကျလာတဲ့မက်ေရည်ကိုသုတ်ကာ တူတော်ဆိုလည်းသားအရင်းသဖွယ်ချစ်ရတဲ့ ရိပေါ်လက်ကိုဆွဲကာဟပလ္လင်ထက်ထိုင်စေသည်
ကျောက်စိမ်းနှငိ့ ပြုလုပ်ထားတဲ့ နဂါးပုံဦးဆောင်းကို ရိပေါ် ဦးခေါင်းထက်ဆင်မြန်းပေးလိုက်သည်
"အရှင့်ကိုဂါရဝပြုပါတယ် !!!''
ဒွေးတော်နဲ့ကိုယ်ရံတော်လုအပါအဝင် နဂါးများက ရိပေါ်အား ရှင်လော့၏အရှင်သခင်အဖြစ်သတ်မှတ်ကာ ဂါရဝပြုကျလေသည်
YOU ARE READING
💘💘 Fictional Love💘💘 Season(1)
Historical FictionIntro နဂါးမင်းသားဝမ်ရိပေါ်နဲ့ ဂဋုန်မင်းသားရှောင်းကျန့်တို့ရဲ့အချစ်ဇာတ်လမ်းလေးကို သိရဖို့ "Fictional Love" လေးကိုဖတ်ကြည့်ကျရ အောင်လား