ရှောင်းကျန့်သည်နိုးလာထဲက သူ့သားတော်ငယ်လေးကို ရင်ခွင်ထဲ ထွေးပိုက်လို့ထားသည် ဒွေးတော်ပြောသွားသည့်စကားကိုသူအ တော်လေးထိတ်လန့် နေပုံ
က လေးကိုလက်က မချ
"မင်းသား က လေးကိုလက်က ချပါဦး ထမင်းစားရ အောင်"
"အင်း"
သားတော်ငယ်လေးကို ဘေးသို့ချကာအားလီယူလာပေးတဲ့ ထမင်းကို စားသည် ထိုစဉ်သားတော်ကြီးက ရုတ်တရက်ထ ငိုလေသည်
ရှောင်းကျန့် ထမင်းစားနေတာကိုခနချကာ သားတော်ကြီးကိုချီလိုက်သည် သူ့လက်ထဲရောက်တာနဲ့ချက်ချင်းအငိုတိတ်သွားလေသည်
"မင်းသားက အငယ်လေးကိုပဲ အမြဲချီနေလို့ စိတ်ကောက်တာထင်တယ် "
ရှောင်းကျန့် ပြုံးလိုက်သည် သားတော်နှစ်ပါးတွင် ရှောင်းကျန့်က အငယ်ကိုပိုဂရုစိုက်မိသည် သားတော်ကြီးကိုတော့မချစ်လို့ မဟုတ်ပါဘူး ၂ယောက်လုံးအတူတူချစ်ပါတယ် ဒါမယ့် ဒွေးတော်ချင့်ရန်စကားကြောင့်သားတော်ငယ်လေးဘေးသင့်မှာကိုသူက စိုးရိမ်နေတာပါ
အခုသူသားတော်ကြီးကိုထွေးပွေ့ထားရင်းပင်ထမင်းစားလိုက်သည် သူ့ရင်ခွင်ထဲမှာသားလေးက ကောင်းကောင်းအိပ်ပျော်နေလျက်
ထမင်းစားပြီးသားတော်နှစ်ပါးကို သိပ်ကာ ရှောင်းကျန့် ခန မှေးကနဲအိပ်ပျော်သွားသည်
"အဲ့ အဲ့"
ရှောင်းကျန့်နားထဲ အသံကြားတော့ သားတော်ငယ်လေးက ထူးခြားလွန်းတဲ့နေရာလေးတခုမှာထိုင်နေ လေသည်
"သားလေး လုပ်နေတာလဲ"
သူပြောတော့သားတော်လေးက သူ့ရှေ့ တည့်တည့်ကိုညွှန်ပြသည်"ဟင်!! "
မမြင်ဖူးတဲ့ နေရာတခု
"အဲ့ အဲ့"
"အဟင်းး သားတော်သွားချင်လို့လား "
"အဲ့"
ရှောင်းကျန့်သားတော်ကိုကြည့်ပြီးပြုံးပြလိုက်သည်
……………
……………ရှောင်းကျန့်နိုးလာတော့ ဘေးကိုကြည့်လိုက်မိသည်
YOU ARE READING
💘💘 Fictional Love💘💘 Season(1)
Historical FictionIntro နဂါးမင်းသားဝမ်ရိပေါ်နဲ့ ဂဋုန်မင်းသားရှောင်းကျန့်တို့ရဲ့အချစ်ဇာတ်လမ်းလေးကို သိရဖို့ "Fictional Love" လေးကိုဖတ်ကြည့်ကျရ အောင်လား