part(5)

1K 75 2
                                    

"မင်းသားလေး ညဘက်ကြီးမဖြစ်ပါဘူး"

"မဖြစ်စရာ ဘာအ ကြောင်းရှိလဲ "

"မင်းသားလေး"

"ညဘက်မို့ ငါလူအများကြီးမ ခေါ်ချင်ဘူး နင်တစ်ယောက်ထဲလိုက်ခဲ့ နင်မလိုက်ချင်လည်းကိစ္စတော့မရှိဘူး ငါ့ဘာသာပဲသွားမယ်"

"ဒီလိုတော့မ ပြောပါနဲ့ မင်းသား ကိုကာကွ
်ပေးဖို့က အားလီတာဝန်ပါ အားလီလိုက်ခဲ့ပါ့မယ်"

:
:
:

ညဘက်တိုက်ခတ်တဲ့လေက အေးလှသည် ညဉ့်ပိုးကောင်လေးတွေ အသံလည်းနေရာအနှံ့ ညဘက်လူမသိသူမသိခိုးထွက်ရတာမို့ အ တောင်ပံဖျံ့ ပျံလို့ကလည်းမရ  အ မှောင်ထုအကာအကွယ်ယူပြီးသာ ခိုးထွက်လာခဲ့ရသည်

ရှင်လော့မြစ်တဖက်ကမ်းရောက်တော့ လန်ကျန့်က မီးအိမ်လေးနဲ့ စောင့်ကြိုနေ လေသည်

အ ပေါ်ကခြုံလွှာတွေ ချွတ်ကာ လန်ကျန့် ခေါ်ဆောင်ရာနောက် ရှောင်းကျန့် နဲ့အားလီ လိုက်လာခဲ့ကျသည်

"အိုးး လှလိုက်တာ"

မီးရောင်စုံထွန်းထားတဲ့ ဈေးပွဲတော်ကြီးကိုကြည့်ကာ ရှောင်းကျန့် သ ဘောကျနေမိသည်

"အကိုလေး ဟိုးက ဖက်ထုပ်မုန့်စားမလား စားကောင်းတယ်"

"အင်း"

"အ ဒေါ် ဖက်ထုပ်တစ်ပွဲပေးပါ"

ပူပူလောလော ဖက်ထုပ်ပွဲကို ရှောင်းကျန့် ရှေ့လန်ကျန့်ချ ပေးလိုက်သည်

"စားကြည့်အကိုလေး အားလီလည်းစားမလား နောက်တစ်ပွဲမှာပေးရမလား"

"နေရတယ်မစားတော့ဘူး"

လှပတဲ့ဈေးပွဲတော်ကို အားလီလည်းသ ဘောကျနေ ပေမယ့် မင်းသားလေးကို စောင့်ကြည့်နေရတာမို့ သေချာအလှအပ ကိုမခံစားမိ ခုတော့မင်းသားမုန့်စားနေတုန်း ဟိုဘက်ဒီဘက် လိုက်ကြည့်နေမိသည် လူသားတွေ နေထိုင်တဲ့ နေရာက တကယ်လှတာပဲ

အင်းး လူသားတွေ တော့မသိရှာဘူး သူတို့ထဲနဂါးနဲ့ဂဋုန် လူယောင်ဖန်ဆင်းပြီးရှိနေတယ်ဆိုတာ သိရင်ဘယ်လိုများနေကျမလဲနော်

ဒါတကယ်တော့ ဝမ်ရိပေါ်အစွမ်းနဲ့ဖန်ဆင်းထားတာတွေချည်းပဲ တောကျတဲ့ တံငါသည်ရွာလေးမှာ ဒါမျိုးတွေကမရှိနိုင်ဘူးလေ

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now