ဝမ်ရိပေါ်(ခေါ်)လန်ကျန့်သည် ရှောင်းကျန့် ကျေးဇူးနှင့် နဂါးအဖြစ်မှ ဂဋုန်ဟန်ဆောင်ကာ ဟုန်ချန်း နန်းတော်ကြီးထဲရှိနေ လေသည်
နန်းတော်ထဲ ရောက်တာနဲ့ဂဋုန်တွေရဲ့အ ကြောင်းသိထားသည်ထက်ပိုမိုသိအောင်လေ့လာလေသည် ဟုန်ချန်းရဲ့ ဘယ်နေရာမှာ ဘာရှိသည်ကအစ သိအောင်လေ့လာထားသည်
နောက်ထပ် ဝမ်ရိပေါ်နေ့စဉ်အမျှ လုပ်ဆောင်နေတာက ဂဋုန်တွေရဲ့ သောက်သုံးရေအဖြစ်သုံးစွဲနေတဲ့ ရေကန်အတွင်း နေ့စဉ်သူ့ရဲ့ အဆိပ်ကို အနည်းငယ် ခတ်ထားခြင်းဖြစ်သည် ရေကန်ထဲအဆိပ်အနည်းငယ်ထည့်သည်မို့ အစွမ်းရှိသည့်ဂဋုန်များအဖို့ ချက်ချင်းဘာမှမဖြစ်သော်လည်း ကြာလာသည်နှင့်အမျှ အငိအားချိနဲ့ လာကာ ကိုယ်တွင်းရှိစွမ်းအင်တွေလည့်လျော့ပါးလာပေလိမ့်မည် အစွမ်းနည်းပါးသောဂဠုန်များမှာတော့ သူ့အချိန်ရောက်တာနှင့်သေဆုံးကျလိမ့်ပေမည်
(A/Nအဲ့ရေကန်က ရေက သာမန်ဂဠုန် တွေ သေက်တာပါ ဂဠုန်မငိးမိသားစုမပါပါဘူးနော်)
ရှောင်းကျန့်သည် တခြားဂဋုန်များနဲ့မတူ ထူးခြားသည်အ ရောင်အဆင်းနှင့်အတူ စွမ်းအင်ပါ မတူညီသည်မို့ရှောင်းကျန့်၏အစွမ်းများလျော့ပါးလာစေရန် သူ၏အဆိပ်ကိုနေ့တိုင်း ရှောင်းကျန့်စားသောက်သည့် အစာထဲထည့်ခတ်ထားကာအစွမ်းတွေ လျော့နည်းအောင်ပြုလုပ်ခဲ့လေသည်
:
:
:"ဒီလောက်နှစ်တွေကြာပြီ အဲ့နဂါးကိုမင်းတို့ခုထိရှာမ တွေ့သေးဘူးလား!!!!"
"ခွင့်လွှတ်ပါ အရှင်"
"တောက်စ် ခုထိ ပျောက်နေတာနဂါးစုစုပေါင်းအ ကောင်သုံးဆယ်ရှိတယ် ခုဆိုသူတို့ချင်းမျိုးပွားတာနဲ့ အ ကောင်၅၀ကျော်လောက်ရှိမယ် ဒီမှာလည်းသုံ့ပန်းအဖြစ် ထားထားတဲ့နဂါး ၂၀လောက်ရှိတယ် ဝမ်လီရဲ့မျိုးဆက်သာ ရောက်လာရင် "
"အရှင်! သူတို့အ ယောက်တစ်ရာတောင်မပြည့်ပါဘူး ကျတော်မျိုးတို့ ထောင်ပေါင်းများစွာချီရှိတာပါ သူတို့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး"
"ငါ့စိတ်ထဲ ဒီရက်ပိုင်းတမျိုးပဲ ဘာပဲဖြစ်ဖြစ် ဝမ်လီရဲ့ မျိုးဆက်နဂါးကို ငါလိုချင်တယ် သူ့ခမည်းတော်ရဲ့ ခေါင်းပြတ်ခုထိ ရှိနေ သေးတာငါပြမယ် ပြီးရင် အဲ့နဂါးရှေ့မှာ ခုဖမ်းထားတဲ့သုံပန်းတွေကိုရက်ရက်စက်စက်သတ်ပစ်မယ် နဂါးတစ်ကောင်မှ မကျန်အောင်သတ်ပစ်မယ် နဂါးတွေမျိုးတုံးစေရမယ်!!!!"
YOU ARE READING
💘💘 Fictional Love💘💘 Season(1)
Historical FictionIntro နဂါးမင်းသားဝမ်ရိပေါ်နဲ့ ဂဋုန်မင်းသားရှောင်းကျန့်တို့ရဲ့အချစ်ဇာတ်လမ်းလေးကို သိရဖို့ "Fictional Love" လေးကိုဖတ်ကြည့်ကျရ အောင်လား