part(18)

851 61 3
                                    

ဒီည ဝမ်ရိပေါ်က ရှောင်းကျန့်ကိုအနိုင်ယူဖို့ဆုံးဖြတ်ထားသလို ရှောင်းကျန့်ကလည်း ဝမ်ရိပေါ်ကိုအနိုင်ယူဖို့ဆုံးဖြတ်ထားတယ်

ဘယ်သူကဘယ်သူ့ကိုအနိင်ယူနိုင်မလဲ??

:
:

"ကျတော်ရောက်ပါပြီ အရှင်"

ဒီနေ့ထူးခြားနေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်သေချာကြည့်မိသည် ဆံပင်ကို ခပ်မြင့်မြင့်မြှောက်စီးထားပြီး အနီရောင်ဝတ်ရုံကိုဆင်မြန်းထားသည်မို့ ရဲရင့်သည့်အသွင်ကိုဆောင်လေသည်

"လာပြီကိုး"

ရှောင်းကျန့် ဝမ်ရိပေါ်ဆီသို့ တလှမ်းချင်း လျှောက်လှမ်းလာခဲ့သည်

"အပြစ်ပေးမယ်လို့ မနက်က ပြောလိုက်သလားလို့အခုကျတော် အပြစ်ကိုခံယူဖို့ အသင့်ပါ"

ရိပေါ်မျက်ခုံးတချက်ပင့်လိုက်ပြီး

"မနက်က အကငါ့ကိုအစဆုံးကပြ"

"ကောင်းပါပြီ"

ရှောင်းကျန့်သည်မယ်တော်သင်ပေးထားတဲ့ အကကိုသေသပ်လှပစွာ ကပြ လေသည်

ထိုအက ကသာမန်အက မဟုတ် စိတ်ညို့စေနိုင်သောအကသာ ထိုအကကိုမလွဲမ သေဈာန်ဝင်က နေစဉ်တွင် ကြည့်ရှု နေသူမည်သူမဆို ထိုအကက နေသူရဲ့စိတ်ညို့ခြင်းကိုခံလိုက်ရ လေသည် တနည်းအားဖြင့်စွဲလမ်းခြင်းစိတ်ကိုဖြစ်ပေါ်စေသည်

ရှောင်းကျန့်ခုလိုကပြပြီး ဝမ်ရိပေါ်သူ့အ ပေါ်စွဲလမ်းလာသည်နှင့် ကာမစိတ်ကိုအသုံးချ၍ လုပ်ကြံသတ်ဖြတ်မည်သာ

အခုလည်းသူ့အကြံအစည်အောက်မြင်သည် ဝမ်ရိပေါ်က သူ့အနားသို့ ချဉ်းကပ်လာသည် သူ့အကကိုသေချာရှုစားနေ လေသည်

တဖြည်းဖြည်းချင်းသူ့ နောက်ကျောကိုရောက်လာကာ သူ၏ခါးအားလာဖက်လေသည်

ရှောင်းကျန့် တချက်ပြုံးလိုက်သည် အက ကိုဆက်က နေစဉ် ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲဆွဲသွင်းခြင်းကိုခံလိုက်ရသည်

ကကွက်မပြီးသည်မို့ ဒီအစီအစဉ်မ အောင်မြင်နိုင်တော့ ကွက်ခနဲ ပျက်သွားရတဲ့ မျက်နှာက ဟန်ဆောင်မရ အောင် အထင်းသား

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now