ရှောင်ကျန့်တို့သားအဖ မာလောင်ဆိုတဲ့ ကောင်လေးကျေးဇူးနဲ့ တညတာတော့မိုးလုံလေလုံဘေးမသီရန်မခ နေဖို့တော့ပူစရာမလိုတော့ဘူးပေါ့
သူအိပ်တဲ့ အခန်းကိုရှောင်းကျန့်တို့ကိုပေးကာသူက အပြင်မှာထွက်အိပ်ပေးလေသည်
ညညဉ့်နက်ပြီဆိုတော့ ညပိုးကောင်သံလေးတွေက ကြားနေရသည် လူသံတွေလည်းတိတ်ဆိတ်နေ တော့ ည လေတိုက်ခတ်သံကိုအတိုင်းသားကြားနေရသည်
ပင်ပန်းနေတဲ့ ရှောင်းကျန့်လည်းသားကိုရင်ခွင်ထဲထည့်ကာ အိပ်ပျော်သွားလေသည်
:
:
:ရှောင်းကျန့် ညဘက်တ ရေးနိုးလာသည်လူက ပင်ပန်းနေ ၍အိပ်ပျော်သော်လည်း စိတ်က ဘာတွေအလိုမကျမှန်းမသိကာ နိုးလာသည်
သူနိုးလာတော့ သားတော် သားတော်လေးးက ဘေးမှာမရှိ
ရှောင်းကျန့်ပူထူသွားရသည် ဘာလဲ ချင့်ရန်ရောက်လာတာလား ဝမ်ရိပေါ် ရောက်လာတာလား
စိတ်ထဲမေးခွန်းတွေများပြားကာ ကမန်းကတမ်းထထွကိလာသည် ရှေ့မှာအိပ်တဲ့ မာလောင်ကလည်းရှိမ နေခဲ့
မှောင်ကြီးမဲကြီးထဲ မီးအလင်းမပါပဲ သားပျောက်ရှာနေရသည် ထူးဆန်းသည်က ရှောင်းကျန့် ခြေလှမ်းများက တ နေရာဆီသို့ဦးတည်နေမိသည် ဘာမှစဉ်းစားမိနေတာမဟုတ်ပဲ တစုံတဦးက ခေါ်နေရာကိုလိုက်ပါသွားသလို သွားနေမိသည်
အ တော်အတန်လေး လျှောက်လာခဲ့ပြီးတော့ ရှောင်းကျန့် ရောက်လာတာက မြစ်ကမ်းဆိပ် တွေ့တာက လူငယ် ၅ယောက် လှေတွေကို ထွကိဖို့ပြင်နေပြီး ခြင်းတွေ တောင်းတွေနဲ့ထည့်နေသည် ပြီးတော့ မာလောင် ဟင်!!သူ့လက်ထဲက သားတော်လေးပဲ ဘယ်လိုလုပ်ပြီး
"ဒါဘာလုပ်နေတာလဲ!!!!!!!"
သူအော်လိုက်တော့ အားလုံးလန့်သွားပုံတိတ်ဆိတ်နေတဲ့ည အ မှောင်ကို ရှောင်းကျန့်၏စူးရှသောအသံက ဖြိုခွင်းလိုက်သည်
"ဟင် အ အကို"
"မာလောင်!!မင်းးဒဘာလုပ်တာလဲ ပေးးစမ်းးငါ့သားကို!!!!"
"ဟေ့ဘာလာရှုပ်တာလဲ မာလောင်အလုပ်ကိုသေချာမလုပ်ဘူးး"
အူဝဲ~~ အူဝဲ ~~အူဝဲ~~
![](https://img.wattpad.com/cover/277927775-288-k593856.jpg)
YOU ARE READING
💘💘 Fictional Love💘💘 Season(1)
Historical FictionIntro နဂါးမင်းသားဝမ်ရိပေါ်နဲ့ ဂဋုန်မင်းသားရှောင်းကျန့်တို့ရဲ့အချစ်ဇာတ်လမ်းလေးကို သိရဖို့ "Fictional Love" လေးကိုဖတ်ကြည့်ကျရ အောင်လား