part(26)

1.2K 78 5
                                    

ကိုယ်ဝန်သုံးလ လောက်ထိ ဝမ်ရိပေါ်ကိုရှောင်းကျန့် လိုအပ်ခဲ့ပေမယ့် အဲ့နောကိပိုင်းတော့မတူတော့ အရင်လိုဝမ်ရိပေါ်ကိုယ်သင်းနံ့ကိုလည်းအရင်လောက်မစွဲတော့ဘူး အနားမှာမရှိလဲ နေနိုင်သွားပြီလေ

အခုဆိုကိုယ်ဝန်က ၆လထဲတောက်ရောက်နေပြီ ဗိုက်လေးပူပူလေးနဲ့ ရှောင်းကျန့်ဟာ အရင်ကထက်ပိုချစ်ဖို့ကောင်းလာသလို ပိုလည်းစိတ်ဆတ်လာတယ်

အရင်လိုအစားမစားနိုင်တာမဟုတ်ပဲ အစားသန်လာတော့ လူက ပြည့်ပြည့်ဖောင်းဖောင်းလေးရယ် တကယ်ငုံ ထားရရင်ငုံထားပစ်ချင်တဲ့အထိပဲ

နန်းဆောင်ထဲမှာပဲ စာထိုင်ဖတ်နေရင်း သူ့ဆီကငြီးသံကြားလိုက်တော့ ဝမ်ရိပေါ်ထိတ်လန့်သွားမိသည်

"ဘာဖြစ်တာလဲ"

"ဘာမှမဖြစ် အ့!!"

ဝမ်ရိပေါ်အနားကိုချက်ချင်းရောက်လာပြီး ပူတင်းနေတဲ့ ဗိုက်လေးကို လက်တင်လိုက်တော့

ဟင်!! က လေးလေးက ဗိုက်ထဲစ လှုပ်ရှားနေပြီပဲ

"က လေးလေး လှုပ်နေတာပဲ အဟက်!"

အရယ်အပြုံးနည်းသည့်ဝမ်ရိပေါ်က ဗိုက်လေးပေါ်လက်တင်ပြီး ပြုံးနေလိုက်တာများ

"တော်တော့ဝမ်ရိပေါ် မင်းဒီလောက်စမ်းကြည့်ရ တော်ပြီပေါ့"

"နေပါဦး က လေးက တစ်ယောက်ရောဟုတ်ပါ့မလား လာကန်တာ ၂ယောက်လိုပဲ"

"သူ့ဘာသာဘယ်နှစိယောကိဖြစ်ဖြစ် အခုငါနာတာပဲသိတယ်"

"မင်းအရမ်းနာနေတာလား"

"နာတယ်!!"

"လှုပ်တာတောင်နာတယ်ဆို မွေးတဲ့အချိန်ကျလည်းနာမှာပေါ့"

ဂရုဏာသက်စွာပြောနေတဲ့ဝမ်ရိပေါ် ကြောင့် ရှောင်းကျန့် ရင်ထဲ လှိုင်းတခုဖြတ်သွားသကဲ့သို့

"နောက်လေးလ နေရင်မင်းမွေးတော့မှာပဲ ငါက လေးကိုမြင်ချင်လှပြီ"

"မင်းမသွားသေးဘူးလား"

"ကောင်းပါပြီ မင်းအ နှောက်အယက်ဖြစ်တယ်ဆိုငါသွားပေးမယ်"

ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ရဲ့အ ခြေအ နေက ပုံမှန်လေးစီးမျောနေတဲ့ လှေ လေးလို ပြသာနာမဖစ်ဘူး သို့သော်လည်း ရှောင်းကျန့်ရင်ထဲက အမုန်းက မကွယ်ပျောက်သေးတော့ ဝမ်ရိပေါ်အ ပေါ်မှာတော့ အနိုငိယူချင်နေ သေးသည်

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now