part(33)

993 87 6
                                    

ဝမ်ရိပေါ်သည် ဖူယန်ပြည်ကိုရောက်ရှိလာခဲ့ပြီ ကျယ်ပြန့်လွန်းလှတဲ့ ထိုပြည်ထောင်စုထဲ လျှောက်သွားရင်း

"မင်းကြီးဟန်ဖုန်ဝေ့နဲ့ မိဖုရားဝေ့ရင်းတို့ရဲ့ပုံတူပန်းချီကားတွေရမယ်နော် ကျုပ်ကိုယ်တိုင်ရေးဆွဲထားတာ ကိုယ့်အရှင်သခင်နှစ်ပါးရဲ့ ပုံတူကို အိမ်မှာချိတ်ထားကျဖို့ နောင်ကြီးတို့ အမကြီးတို့ အားပေးကျပါဦးး!!!!'

ဝမ်ရိပေါ် ဈေးသည်ရှိရာဘက်မျက်နှာမူကြည့်လိုက်တော့

"ဟင်!!!ဒါ ရှောင်းကျန့် ရှောင်းကျန့် ပုံမဟုတ်ဘူးလား!"

ထိုဈေးရောင်းနေသူအနားသွားကာ

"ဒီမှာ!"

"အော်ဟုတ်ကဲ့ ပုံတူပန်းချီဝယ်ချင်လို့လား !"

"သူတို့ကဘယ်သူလဲ!"

"ဟင်!! သူတို့ကိုမသိဘူးး ဒါက ဒီတိုင်းပြည်ရဲ့ မင်းကြီးဟန်ဖုန်ဝေ့ နှဲုမိဖုရားဝေ့ရင်းလေ"

"မိဖုရားဝေ့ရင်းတဲ့လားး!!"

ဟိုးအ ဝေးမှာလှမ်းမြင်နေရတဲ့ နန်းတော်ကြီးကို ဝမ်ရိပေါ်တချက်ကြည့်လိုက်သည်

'ရှောင်းကျန့် မင်းက ငါ့အပိုင် ငါ့တဦးတည်းရဲ့မိဖုရား မင်းကိုငါဆီကလုယူသွားမယ့် ဘယ်သူမဆို ငါအကုန်ဖယ်ရှားပစ်မယ်!!!!!'

……………

……………

……………

ရှောင်းကျန့် နန်းဆောင်ထဲ ကပန်းအိုးကိုအသစ်ပြန်ထိုးနေသည် နှင်းဆီပန်း ဂန္ဓမာပန်းတွေနဲ့ ဝေဆာအောင် သေချာပန်းပြုပြင်အလှဆင်နေ လေသည်

ရှောင်းကျန့် ပန်းထိုးနေတာကို နန်းဆောင်ဝ က နေ မင်းကြီးက ဂရုဏာမျက်ဝန်းတို့နှင့်ကြည့်နေ လေသည်

"အင်း ပန်းတွေက သိပ်လှတာပဲ"

"ဟုတ်တယ် ပန်းတွေက လှတယ်"

"မင်းကြီး!"

မင်းကြီးက အနားသို့ လျှောက်လာကာ

"ဒါမယ့် ဝေ့ရင်းလောက်တော့မလှဘူး "

ရှောင်းကျန့်ပြုံးမိသည် မင်းကြီးက စကားတွေနဲ့ခြွေတဲ့ နေရာမှာ သိပ်တော်တာ အမြဲ မင်းကြီးကြောင့် ရှောင်းကျန့်ပြုံးရသည် သူ့ကိုအမြဲအပြုံးပန်းဆင်စေတဲ့ မင်းကြီးကိုသူချစ်မိချင်သော်လည်း ငါးနှစ်တာအတူရှိခဲ့တဲ့ ရိုးသားတဲ့သံယောဇဉ်လေးက လွဲလို့ ထပ်မပိုခဲ့

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now