part(31)

910 73 3
                                    

မင်းသမီးလေးရဲ့ရက်တစ်ရာပြည့်မွေးနေ့ကို နန်းတော်ထဲတွင်စည်ကားသိုက်မြိုက်စွာကျင်းပ လေသည်

လာရောက်တဲ့ဧည့်ပရိတ်သတ်အ ပေါင်းဟာ လည်းမင်းသမီးလေးအတွက်လက်ဆောင်အမျိုးမျိုးယူလာခဲ့ကျလေသည်

ရှောင်းကျန့်က မင်းသမီးလေးကိုချီပိုးကာ မင်းကြီးအနားတွင်ထိုင်ရ လေသည် မိခင်ဖြစ်သူမရှိတော့ အထိန်းတော်ဖြစ်တဲ့ ရှောင်းကျန့်က မင်းသမီးနဲ့အတူထိုင်ခွင့်ရသည် ဒီနေ့က ထူးမြတ်တာမို့ မင်းကြီးက ရှောင်းကျန့် အတွက် ဝတ်စုံအသစ်ကိုပေးထားတော့ ထိုဝတ်စုံသစ်လေးနဲ့ ရှောင်းကျန့်ဟာ အထိန်းတော်လို ထင်စရာမရှိ တိုငိးပြည်ရဲ့ မိဖုရားတစ်ပါးလိုပင် ဒီနေ့ထူးခြားစွာပိုလှ နေတဲ့ ရှောင်းကျန့်ကို မင်းကြီးကလည်း တချက်တချက်ခိုး၍ကြည့်တတ်သည် ဒါကိုရှောင်းကျန့်လည်းသိသည် ဒါမယ့် မသိဟန်ဆောင်ကာသာနေလိုက်သည်

'ဒီနေ့ သားတော်၂ပါးရဲ့ ရက်တစ်ရာပြည့်ပဲ အားရန်လေးအတွက် ရှင်လော့မှာ ပွဲတော်ကျင်းပ ပေးလောက်ရောပေါ့ အားလျန်အတွက်တော့ဘာမှ မလုပ်ပေးနိုင်တာစိတ်မ ကောင်းဘူး'

ရှောင်းကျန့် ကျာကျာလက်ထဲက သားငယ်လေးကိုတချက်ကြည့်မိသည်   မျက်လုံးလေးကစားကာ ပွဲလာသူတွေကိုလျှောက်ကြည့်နေ လေသည်

နေ့လယ်လောက်ရောက်တော့ မင်းသမီးလေးလည်းပင်ပန်းသွားတယ်ထင်တယ် အိပ်ပျော်နေတာနဲ့အ ဆောင်ပြန်ကာ ချော့သိပ်လိုက်သည် သားကလည်း အိပ်ချင်နေပြီဖြစ်တာမို့ သားကိုပါတခါထဲသိပ်ထားလိုက်သည်

…………

…………

ရှင်လော့တွင်~~~

ထိုက်ရန်ရဲ့ ရက်တစ်ရာပြည့်မွေးနေ့မို့ ရှင်လော့၍စည်းကားလျက်ရှိသည် သခင်မကြီးချင့်ရန်က သူ၏မြေးတော်အတွက် တခမ်းတနားကိုပြုလုပ်ပေးထားခြင်းဖြစ်လေသည်

"မြေးတော်လေး ကြည့်စမ်း မလှဘူးလား"

ဒွေးတော်ကကလေးကို အလှဆင်ထားတာလေးတွေပြသရင်း မြူနေ လေသည်

ဝမ်ရိပေါ်က တော့ သားကို ခပ်ဝေးဝေးကသာကြည့်နေဖြစ်သည် သားက ဒွေးတော်လက်ထဲမှာဆိုတော့ သူမသွားချင် အခုချိန်ဆိုသားငယ်လေးနဲ့ ရှောင်းကျန့် ရောဘယ်တွေ ရောက်နေပါလိမ့်သူတို့အဆင်ရောပြေရဲ့လား အန္တာရယ်ကင်းရဲ့လား

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now