part(21)

1K 65 3
                                    

မုရန် အရှင့်နန်းဆောင်ထဲဝင်လာတော့ ကြမ်းတိုက်နေတဲ့ ရှောင်းကျန့်ကို တွေ့လိုက်ရသည်ကြောင့် ဒေါသက အလိုလိုထွက်လာသည်

အရှင့်ကသူ့ကို ကိုယ်လုပ်တော်အဖြစ်ထားလိုက်တဲ့ကိစ္စသူမ ရောဒွေးတော်ကပါ လုံးဝ သ ဘောမတူခဲ့ဘူး ဒါမယ့်အရှင်က ဘယ်သူ့စကားမှ နားမ ထောင်ခဲ့ဘူး  ဒွေးတော်ကလည်းဒီကိစ္စကိုအမျက်တော်ရှ နေတာမို့ အရှင့်ကိုတောင်စကားကောင်းကောင်းမ ပြောပေ

"အရှင်!"

"ဘာကိစ္စလဲ"

အရှက်က မုရန်အ ပေါ်အေးစက်စိမ်းကားလွန်းလိုက်တာ

"အရှက့်ကိုသတိရလို့ပါ ကိုယ့်ရဲ့အိမ်ဦးနတ်ကို သတိရလို့လာတွေ့တာပါ အရှင်က မုရန်ဆီမှ မလာပဲ"

"ငါမအားဘူးမုရန်"

"အရှင် မုရန် ကိုအချိန်နည်းနည်းတောင်မ ပေးနိုင်ဘူးလား မုရန်က အရှင့်ဇနီးမယားပါ မုရန်ဘက်ကိုနည်းနည်းလေးတော့ထည့်စဉ်းစားပေးသင့်ပါတယ် ဒီလိုပစ်ပယ်မထားပါနဲ့လားအရှင်ရယ်"

"ဟင်းးး ကောင်းပြီလေ ခုငါမင်းကိုအချိန်ပေးမယ်  ငါနဲ့ အတူရေချိုးမလား"

ထိုစကားကြောငိ့ မုရန်မျက်နှာမှာ တောက်ပသွားသည်

"တကယ်လားအရှင် "

"ငါမှာညာစရာအ ကြောင်းရှိမလား လာရေချိုးဆောင်သွားမယ်"

မုရန်လက်ကိုဆွဲကာ ရေချိုးဆောင်ထဲဝင်ခါနီးတွင်

"အာ မေ့နေတာ ရှောင်းကျန့် ပန်းအလှဆင်ပေးပြီးရင်လည်း မုရန်ကိုမင်း နှိပ်နယ်ပေးရမယ် သွားတော့"

ရှောင်းကျန့် လုပ်လက်စအလုပ်ကိုလက်စသတ်ကာ ရေချိုးဆောင်ထဲ တွင် ပန်းအလှဆင်ပေး လေသည် ခနကြာတော့ တစ်ယောက်လက်တစ်ယောက်ဆွဲကာ ဝင်လာကျ လေသည်

"ရှောင်းကျန့် သူ့ကိုနံ့သာဆီလူးပေးပြီး နှိပ်ပေးလိုက်"'

မုရန်က တော့ ကျေနပ်သည်  သူမ ရှေ့မှာ ရှောင်းကျန့် မာန တွေကို ကောင်းကောင်းကြီးရိုက်ချိုးပစ်လိုက်တာ

နံသာဆီကိုလက်ထဲထည့်ကာ ထိုမိန်းက လေးရဲ့ ကျောကိုလိမ်းပေးကာ သေချာနိပ်နယ်ပေးရသည်

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now